တစ်နေကုန် လုပ်စရာ ထွေထွေထူးထူး မရှိတဲ့ရက်တွေမှာ အချိန်တွေကုန်ဆုံးဖို့ တော်တော်လေးကို ကြာတယ်မဟုတ်လား။ စိတ်မပူပါနဲ့ ဒီလို ငြီးငွေ့စရာကောင်းတဲ့ တစ်ရက်တာကို ပျော်ရွှင်စရာအဖြစ်ပြောင်းလဲနိုင်ဖို့ နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါကတော့ အွန်လိုင်းအသုံးပြုပြီး ပျော်စရာအရာလေးတွေ လုပ်ဆောင်ရင်း အပျင်းဖြေဖို့ပါပဲ။

ကဲဒါဆို အွန်လိုင်းပေါ်ကနေ ဘယ်လိုနည်းလမ်းတွေနဲ့ ပျော်စရာကောင်းအောင် လုပ်လို့ရမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) Comics / Ebooks ဖတ်ပါ

အွန်လိုင်းပေါ်ကနေ Comics / Ebooks တွေကို Free ဖတ်လို့ရနိုင်ပါတယ်။ စာဖတ်တာ / Comics တွေဖတ်တာ ဝါသနာပါတယ်ဆိုရင်တော့ ဒီနည်းလမ်းလေးက သေချာပေါက် အပျင်းပြေစေမှာပါ။ DC ၊ Marvel နဲ့ Vertigo Comics တွေ ၊ ခေတ်ဟောင်း စာပေအဟောင်းအမြည်း eBook တွေနဲ့ ခေတ်သစ်ဝတ္ထု eBook တွေ စုံစုံလင်လင် အွန်လိုင်းကနေ ဖတ်ရှု့နိုင်ပြီး အားလပ်ချိန်ကို အကျိုးရှိရှိဖြတ်သန်းနိုင်ပါတယ်။

(၂) ခရီးစဉ်တစ်ခု ဖန်တီးပါ

သင်ဟာ ခရီးသွားဝါသနာရှင်တစ်ယောက်ဆိုရင်တော့ အွန်လိုင်းအသုံးပြုပြီး Virtual Tour တစ်ခုဖန်တီးလို့ရနိုင်ပါတယ်။ လူတိုင်းလူတိုင်း ဘဝမှာအလည်ပတ်သွားချင်ဆုံးနေရာ တစ်ခုတော့ ရှိတက်ကြပါတယ်။ ဒီလိုကိုယ်သွားချင်တဲ့ တောင်းတန်းတွေ ၊ ပြတိုက်ကြီးတွေနဲ့ နိုင်ငံအသီးသီးကို အွန်လိုင်းကနေရှာဖွေပြီး အိမ်တွင်းခရီးစဉ်တစ်ခုအဖြစ်နဲ့ မြင်ယောင်ကြည့်လို့ရနိုင်ပါတယ်။

(၃) ဉာဏ်စမ်းပဟေဋ္ဌိအဖြေညှိပါ

အွန်လိုင်းပေါ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဉာဏ်စမ်းပဟေဠိ အမျိုးမျိုးရှိပါတယ်။ ကိုယ့်အကြောင်းကိုပိုမိုနားလည်ပြီး ကိုယ်ရည်ကိုယ်သွေးစစ်ဆေးမှုများ ပြုလုပ်ကြည့်ချင်တယ်ဆိုရင်တော့ Online Tests / Quizzes တွေလိုက်ဖြေကြည့်ပါ။ ပျော်စရာကောင်းပြီး အချိန်ကုန်ရကျိုးနပ်ပါလိမ့်မယ်။

(၄) Podcasts နားထောင်ပါ

နေ့စဉ်ဘဝထဲက စိတ်ဖိစီးစရာ ဝမ်းနည်းစရာတွေနဲ့ မွန်းကြပ်မှုတွေကိုပြေလျော့ပြီး စိတ်ကိုတည်ငြိမ်အောင် ပြုလုပ်ပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းလေးကတော့ Podcasts နားထောင်တာပါပဲ။ စိတ်ဝင်စားဖို့ကောင်းတဲ့ အတွေ့အကြုံတွေ ၊ ကဗျာ/သီချင်းတွေ၊ ဗဟုသုတဆိုင်ရာအကြောင်းအရာတွေကို ကိုယ်ဘေးမှာ လူတစ်ယောက်လာပြောပြနေသလို ဖီလင်မျိုးရစေပြီး ရသစုံဟင်းပွဲကြီးတစ်ခုကို စားခွင့်ရသလို ခံစားရစေမှာပါ။