၂၀၂၀ တုန်းက စကပ်အကွက်လေးတွေ အရမ်းခေတ်စားခဲ့သလိုပဲ ၂၀၂၁ မှာလည်း ဘောင်းဘီအကွက်လေးတွေက ခေတ်စားလာအုံးမှာပါ။ ဒါကြောင့် ဖက်ရှင်ရေစီးကြောင်းအတိုင်း အမြဲဝတ်ချင်တဲ့ ကောင်မလေးတွေအတွက် နောက်ပိုင်းမှာအရမ်းခေတ်စားလာမယ့် ဘောင်းဘီအကွက်လေးတွေကို ဘယ်လိုပုံစံမျိုး ဖက်ရှင်ကျကျဝတ်လို့ရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်။

ကိုရီးယားဖက်ရှင်လေးကြိုက်တဲ့ ကောင်မလေးတွေကတော့ ဘောင်းဘီအကွက်ကိုမှ အပွလေးတွေကို ရွေးဝတ်ပါ။ အင်္ကျီကိုတော့ Crop Top လေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

ခပ်မိုက်မိုက်စတိုင်လေးဖြစ်အောင်ဆိုရင်တော့ ဘောင်းဘီအကွက်ကို ဒီလို Crop Top လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။

ခြေမျက်စိအထက်ရောက်တဲ့ ဘောင်းဘီအကွက်လေးတွေဆိုရင် Shoulder off အင်္ကျီလေးတွေ၊ Crop Top အင်္ကျီလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

ခရီးသွားတဲ့အခါမျိုးမှာဆိုရင် ဘောင်းဘီအကွက်ကို ဒီလိုဖက်ရှင်မျိုးလေး ဝတ်တာက စတိုင်လ်ကျပြီး မိုက်ပါတယ်။

လူငယ်ကောင်မလေးတွေဆိုရင် ကိုရီးယားမလေးတွေဝတ်သလို ဘောင်းဘီအကွက်အပွတွေကို တီရှပ်အပွတွေနဲ့ တွဲဝတ်ကြည့်ပါ။

ဘောင်းဘီအကွက်အပွလေးတွေကို အခုခေတ်စားနေတဲ့ Cardigan ခါးတိုလေးတွေနဲ့လည်း တွဲဝတ်လို့ရပါတယ်။

ဘောင်းဘီအကွက်လေးတွေကို လက်ပြတ်တွေ၊ ကြိုးတစ်လုံးအင်္ကျီတွေနဲ့လည်း ခပ်မိုက်မိုက်စတိုင်လ်လေးဖြစ်အောင် တွဲဝတ်လို့ရပါတယ်။

ဘောင်းဘီအကွက်အနီဆိုရင် တီရှပ်အမဲလေးတွေနဲ့တွဲဝတ်တာက အရမ်းမိုက်ပါတယ်။

ဘောင်းဘီအကွက်ကိုမှ အဝါရောင်တောက်တောက်လေးတွေ ဝတ်မယ်ဆိုရင်လည်း တီရှပ်အမဲ (သို့) Crop Top အမဲလေးတွေနဲ့သာ တွဲဝတ်ပါ။

photo source:www.pinterest.com