MyStyle Myanmar ပရိတ်သတ်တွေအားလုံးမင်္ဂလာပါနော်။ ကိုယ့်ရဲ့ဖူးစာရှင်ကို ဘယ်နေရာမှာ တွေ့ရမယ်ဆိုပြီး သိရမယ်ဆိုရင် စိတ်ဝင်စားဖို့မကောင်းဘူးလား။ သင်ကိုယ်တိုင်လည်း သိချင်မှာပါ။ ဒီတစ်ခေါက်မှာတော့ ဖေဖော်ဝါရီလ မွေးဖွားသူတွေအတွက် သူတို့ရဲ့ ဖူးစာရှင်နဲ့ တွေ့နိုင်ချေရှိတဲ့နေရာတွေကို ဖော်ပြပါရစေ။

၁။ ဖေဖော်ဝါရီ မွေးဖွားသူတွေက စူးစမ်းချင်စိတ် ပြင်းပြကြပါတယ်။

၂။ အကြောက်အရွ့ံကင်းပြီး လေ့လာချင်စိတ်ပြင်းပြကြပါတယ်။ ဒါကြောင့် အခြားသူတွေနဲ့ မတူဘဲ တစ်မူထူးခြားပြီး ခွဲထွက်နေတတ်ပါတယ်။


၃။ ကိုယ်ဝါသနာပါရာတွေလုပ်နေတဲ့အချိန်ဆိုရင် ဖေဖော်ဝါရီလ မွေးဖွားသူတွေက ပြုံးပျော်ပြီး တောက်ပနေတတ်ကြပါတယ်။

၄။ သင်နှစ်သက်ရာတွေ လုပ်နေတဲ့နေရာမှာပဲ သင့်ဖူးစာဖက်ကို တွေ့နိုင်ချေရှိပါတယ်။ ဝါသနာပါရာတွေလုပ်ရင်း တောက်ပနေတဲ့ သင့်ကို ကြည့်ရင်း သူက ချစ်မိသွားမှာပါ။


၅။ နှလုံးသားခေါ်ဆောင်ရာကို လိုက်ပေးပါ။

၆။ ဖေဖော်ဝါရီလ မွေးဖွားသူတွေက အနုပညာ ဝါသနာပါကြပါတယ်။


၇။ ကိုယ်နဲ့ ဝါသနာ၊ ခံယူချက်ချင်း တူတဲ့ ဖူးစာရှင်နဲ့ တွေ့မှာပါ။

၈။ အနုပညာဝါသနာပါတာကြောင့် ရှိုးပွဲတွေ၊ ပန်းချီ Workshops တွေမှာ တွေ့နိုင်ချေရှိပါတယ်။ ကိုယ့်ဝါသနာကို အခြေခံပြီး ဖူးစာရှင်နဲ့ တွေ့ရမှာပါ။


သင်က ဖေဖော်ဝါရီ မွေးဖွားသူဆိုရင် Happy Birthday ပါ။

Photo Source: Pinterest

By MyStyle Myanmar