ပန်းနုရောင်လေးတွေက မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီး အရမ်းလှသလို၊ ချစ်စရာလည်းကောင်းပါတယ်။ ဒါကြောင့် မိတ်ကပ် သိပ်မပြင်တတ်သေးတဲ့ သူတွေအတွက် မိန်းကလေးတိုင်းနဲ့လိုက်ဖက်ပြီး ပိုမိုနုပျိုသွားစေမယ့် ပန်းနုရောင်မိတ်ကပ်ပြင်ဆင်ပုံ အဆင့်ဆင့်ကို ပုံလေးတွေနဲ့ သေချာဖော်ပြ ပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ အောက်ခံမိတ်ကပ်လိမ်းတာကို ကိုယ်လိမ်းနေကျအတိုင်း လိမ်းထားပါ။ ပြီးရင် မျက်ခုံးမွှေးဆွဲထားပါ။ မျက်လုံးခြယ်တာ၊ ပြင်တာက အဓိကမို့ မျက်လုံးခြယ်တာကနေ အသေးစိတ်ပြောပြပေးလိုက်ပါတယ်။

လိမ္မော်ဘက်သွားတဲ့အရောင်နဲ့ ပန်းရောင်နုနုလေးကိုရောပြီး မျက်ခွံပေါ်နဲ့ မျက်လုံးအောက်နားလေးကို ခြယ်ပါမယ်။ ပန်းလိမ္မော်အရောင်နုနုလေးဆိုလည်း ရပါတယ်။

ပန်းခရမ်းဘက်သွားတဲ့အရောင်နုနုလေးကို မျက်ခွံပေါ်နဲ့ မျက်လုံးအောက်နားမှာ ထပ်ခြယ်ပါမယ်။

Peach color glitter လေးကို လက်နဲ့ယူပြီး မျက်ခွံပေါ်မှာ နည်းနည်းလောက် ခြယ်ပေးပါ။

အညိုဘက်သွားတဲ့ glitter လေးကိုယူပြီး မျက်လုံးအောက်နားထောင့်လေးမှာ ခြယ်ပေးပါ။

ရွှေရောင် (သို့) လိမ္မော်ရောင် (သို့) peach color ဘက်သွားတဲ့ glitter လေးကို ပုံမှာပြထားတဲ့ မျက်လုံးအောက်နားလေးမှာ ခြယ်ပေးပါ။
အားလုံးခြယ်ပြီးသွားရင်တော့ mascara နဲ့ မျက်တောင်ကော့ပါမယ်။

Contouring လုပ်ဖို့ အညိုရောင်ကိုမှ ဖျော့တဲ့အရောင်ကိုရွေးပြီး သုံးပါမယ်။ brush နဲ့ ပုံမှာပြထားတဲ့နေရာအတိုင်း contour လုပ်ပေးပါ။

အဲ့ဒီ contouring color နဲ့ပဲ နှာတံဖော်ပါမယ်။

ပန်းရောင်နုနုလေးဘက်သွားတဲ့ blusher နဲ့ ပါးနီခြယ်ပါမယ်။

Highlighter ကိုလည်း အဖြူရောင် (သို့) ပန်းရောင်နုနုလေးဘက်သွားတဲ့အရောင်ကိုသုံးပြီး မျက်လုံးထောင့်နားနဲ့ နှာတံကို သုတ်ပေးပါမယ်။

ပန်းနုရောင်နှုတ်ခမ်းနီလေး ဆိုးပါမယ်။

ပန်းနုရောင် glitter လေးကို နည်းနည်းယူပြီး အပေါ်နှုတ်ခမ်းထိပ်လေးတွေ၊ အောက်နှုတ်ခမ်းထိပ်လေးတွေမှာ သုတ်ပေးပါ။

အားလုံးပြီးပြီဆိုရင် လှပတဲ့ ပန်းနုရောင် maekup look လေးကို ရသွားပါပြီ။ မိန်းကလေးတိုင်းနဲ့လိုက်ဖက်တာမို့ ဒီလိုလေး ပြင်ကြည့်သင့်ပါတယ်နော်။

Source: www. sichenmakeupholic