လက်လှလှလေး လက်သည်းနီ လှလှလေးကို မိန်းကလေးတိုင်း သဘောကျကြတာပါနော်။ ပုံမှန်အားဖြင့် အလှအပ ထိန်းသိမ်းလေ့မရှိတဲ့သူတောင်မှ လက်လှလှလေးတွေတွေ့ရင် “လှလိုက်တာ” ဆိုပြီး တွေးမိကြတာက ထုံးစံပါပဲ။

လက်ကလေးလှနေရင်တောင်မှ သူ့ရဲ့အလှကို ပိုပြီးတိုးစေဖို့ လက်သည်းနီပုံစံအမျိုးမျိုးလေးတွေ ဆိုးပေးတာကလည်း အလုပ်တစ်ခုပါပဲနော်။

တချို့ကျတော့ လက်သည်းနီကို သွားစရာလာစရာရှိမှ ဆိုင်သွားတာဖြစ်စေ အိမ်မှာဖြစ်စေ လက်သည်းနီဆိုးလေ့ရှိကြပေမယ့် တချို့ကျတော့လည်း ကိုယ့်လက်သည်းလေးတွေ ပြောင်ကြီးဖြစ်နေတာကို မကြိုက်လို့ နေကိုမနေတတ်လို့ လက်သည်းနီကို မပြတ်ဆိုးလေ့ရှိကြပါတယ်။

လက်သည်းနီဒီဇိုင်းလေးတွေ ရွေးချယ်ရာမှာလည်း ဒီဇိုင်းအမျိုးမျိုးအဖုံဖုံရှိကြပါတယ်။ ပန်းလေးတွေ၊ တိရိစ္ဆာန်လေးတွေ၊ အရောင်စုံလေးတွေ၊ စသဖြင့် အမျိုးမျိုး ရှိပါတယ်။

အဲ့ထဲကမှ ဒီနေ့ဆောင်းပါးလေးကတဆင့် ဖော်ပြပေးချင်တာကတော့ ချယ်ရီပန်းလှလှလေးတွေနဲ့ လက်သည်းနီဒီဇိုင်းလေးတွေပဲဖြစ်ပါတယ်။