နောက်ပိုင်းမှာ လက်သည်းအချွန်လေးတွေ ထားတာက ပိုပြီးခေတ်စားလာပါတယ်။ ဒါကြောင့် လက်သည်းအချွန်ထားတဲ့ ကောင်မလေးတွေအတွက် လှလည်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ ပန်းရောင်လက်သည်း ဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ချယ်ရီသီးလေးတွေကို ပန်းရောင်လေးဆိုးပြီး ပုံဖော်ထားတာလေးက လှလည်းလှသလို ချစ်ဖို့လည်း ကောင်းပါတယ်။
လက်သည်းအချွန်လေးတွေမှာ ပုံဖော်မှ လိုက်ဖက်ပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးဖြစ်ပါတယ်။ ပန်းရောင်ဆိုတော့ မိန်းကလေးဆန်ပြီး ပိုလှပါတယ်။
ပန်းရောင်နဲ့အဖြူရောင်ကိုဆိုးပြီး စတော်ဘယ်ရီသီးလေး ပုံဖော်ထားတာက ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းတဲ့ လက်သည်းဒီဇိုင်းလေး ဖြစ်ပါတယ်။
ပန်းရောင်ဆိုးပြီး ပန်းပွင့်ဒီဇိုင်း ပုံဖော်ထားတာဖြစ်လို့ မိန်းကလေးဆန်ပြီး အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။
ပန်းရောင်အနုအရင့်နဲ့ ရွှေရောင်နဲ့ကို ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ မြင်နေကျဒီဇိုင်းတွေနဲ့မတူပဲ အရမ်းလှပါတယ်။
ပန်းနုရောင်လေးမှာ ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကလည်း အမြင်ဆန်းပြီး လှပပါတယ်။ လက်သည်းအချွန်နဲ့မှ လိုက်ဖက်တဲ့ ဒီဇိုင်းလေးပါ။
လက်သည်းအချွန်လေးတွေနဲ့ လိုက်ဖက်တဲ့ နောက်ထပ် လက်သည်းဒီဇိုင်းလေးပါ။ ဘယ်တော့မှရိုးမသွားပဲလှတဲ့ ဒီဇိုင်းလေးပါ။
Marble လက်သည်းဒီဇိုင်းလေးကို ပန်းရောင်ဆိုးထားတာဖြစ်လို့ အသားဆောင်ပြီး အရမ်းလှပါတယ်။ ဒီဇိုင်းဆွဲပြီး ပုံဖော်တာမျိုးတွေထက် ရှင်းရှင်းလေးပဲ ကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်ပါ။
ပန်းရောင်လေးဆိုးပြီး တိမ်ပုံလေးတွေ ပုံဖော်ထားတာကတော့ ချစ်ဖို့ကောင်းပါတယ်။
Photo source:www.pinterest.com