ပန်းရောင်နှစ်သက်တဲ့ မိန်းကလေးတွေ အားလုံး မင်္ဂလာပါ။ ပန်းရောင်က ပျိုမေတိုင်း လိုလိုနဲ့ လိုက်ဖက်ပြီး ရှက်သွေးဖြာနေတဲ့ အရှက်အကြောက်ကြီးတဲ့ မိန်းကလေးတွေကို ကိုယ်စားပြုတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ပန်းရောင်ကိုမှ ရွေးဝတ်တတ်တဲ့ ပျိုမေတို့အတွက် ပန်းရောင် လက်သည်းနီ ပုံစံ အဆန်းလေးတွေနဲ့ ပန်းရောင်နှစ်သက်သူတွေအကြောင်း ဖော်ပြပါရစေ။

ပန်းရောင်နှစ်သက်ခြင်းက မိန်းကလေးဆန်ခြင်းကို ကိုယ်စားပြုပါတယ်။

ကြင်နာစိတ်ပြည့်ဝတဲ့ ပျိုမေအများစုက ပန်းရောင်ကို နှစ်သက်ကြပါတယ်။

ပန်းရောင်အဖျော့လေးတွေကတော့ အပန်းပြေခြင်း၊ အနားယူခြင်းကို ကိုယ်စားပြုပြီး ဒီအရောင်ကို ကြိုက်နှစ်သက်သူ ပျိုမေအများစုက တည်ငြိမ်အေးဆေးသူတွေ ဖြစ်ပါတယ်။

အရောင်တွေထဲကမှ ပန်းရောင်ကို ရွေးချယ်သူ အများစုက တက်တက်ကြွကြွ နေသူတွေဖြစ်ပြီး အကောင်းမြင်စိတ်များသူတွေ ဖြစ်ပါတယ်။

ပန်းရောင်နှစ်သက်သူ ပျိုမေတို့က အနုပညာဝါသနာပါသူတွေ ဖြစ်ပါတယ်။

ပန်းရောင်ကြိုက်သူအချို့က ကလေးဆန်တဲ့အတွေးလေးတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။

ပန်းရောင်ကြိုက်တဲ့ မိန်းကလေးတွေမှာ စိတ်ကူးထားတဲ့ ကောင်လေးပုံစံ ရှိပြီးသားပါ။

မျှော်လင့်ချက် အပြည့်နဲ့ သဘောထားပြည့်ဝသူတွေကလည်း ပန်းရောင်နှစ်သက်သူ မိန်းကလေးတွေပါပဲ။

ဒါပေမဲ့ ပန်းရောင်နှစ်သက်တဲ့ မိန်းကလေးတွေဟာ စိတ်အထိအခ်ိုက်လွယ်သူတွေလည်း ဖြစ်ပါတယ်။

လတ်ဆတ်မှုကို ပန်းရောင်က ဖော်ပြတတ်တာကြောင့် ပန်းရောင် ကြိုက်သူ ပျိုမေအများစုကလည်း အမြဲပျော်ပျော်နေတတ်သူတွေ ဖြစ်ပါတယ်။

ပန်းရောင် Crazy အများစုက အကြောင်းကိစ္စတစ်ခုခု၊ ပျော်စရာ တစ်ခုခုဆိုရင် အမြဲစိတ်လှုပ်ရှား ရင်ခုန်နေတတ်ပါတယ်။

မိတ်ဆွေအသစ်တွေနဲ့ တွေ့ရင်လည်း အလွယ်တကူ မိတ်ဖွဲ့ဖို့ ဝန်မလေးသူတွေ ဖြစ်ပါတယ်။

အလိုလိုသိစိတ်နဲ့ အလုပ်တာဝန်တွေကို ဆောင်ရွက်တတ်သူတွေ ဖြစ်ပြီး ဆဌမအာရုံအားကောင်းသူတွေ ဖြစ်ပါတယ်။

ပန်းရောင်နှစ်သက်တဲ့ ကောင်မလေးတွေက တခြားသူတွေရဲ့ အတွေးကို သိပ်ဂရုမစိုက်သူတွေ ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar