သင်က နားပေါက်ဖောက်ရတာ၊ ဒါမှမဟုတ် Piercing ကို လှလှလေး လုပ်ချင်သူလား။ ဒါဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါ။ Piercing လုပ်သူအများစု အလုပ် များတာကတော့ နားပေါက် သုံးလေးပေါက်ဖောက်တာပါ။ အသားမှာ အပေါက်ဖောက်ပြီး Fashion Accessories တွေ ဝတ်လိုက်တာက သင့်ကို ပုံစံပြောင်းသွားစေပြီး အထာပိုကျစေပါတယ်။ ဂျစ်ကန်ကန် ပုံစံ ကောင်မလေးတွေအတွက် Piercing လုပ်ခြင်းက လိုက်ဖက်တယ်လို့ ပြောနိုင်ပါတယ်။

ဒါပေမဲ့ Piercing လုပ်ပြီးရင်တော့ ဖောက်တဲ့ နေရာပေါ်မူတည်ပြီး သေချာ ဂရုစိုက်သင့်ပါတယ်။ ဒီတော့ ဘယ်နေရာတွေမှာ ဖောက်နိုင်မလဲ၊ ဘယ်လိုဝတ်ရင် ပိုလှသွားမလဲ ကြည့်လိုက်ရအောင်-

၁။ နားမှာ

ပထမဆုံး နေရာကတော့ သင်သိပြီးသားဖြစ်တဲ့ နားဖောက်တာပါ။ နားနေရာမှာပဲ တစ်ပေါက်ထက် ပိုဖောက်နိုင်ပါတယ်။ ဘယ်လိုပုံစံ ဖောက်ပြီး ဝတ်တာလေးက လှလဲ ဖော်ပြပါ ပုံတွေက ပြောပြထားပါတယ်။

၂။ ချက်မှာဖောက်တာ

လေ့လာချက်တွေအရ အမျိုးသားတွေဟာ ချက်မှာ အပေါက်ဖောက်တတ်တဲ့ အမျိုးသမီးတွေကို ဆွဲဆောင်မှုရှိတယ်လို့ ဆိုထားပါတယ်။ အပေါက်ဖောက်သမျှထဲမှာ ချက်နေရာမှာ အလှဆုံးလို့ အမျိုးသားတွေက သတ်မှတ်ပါတယ်တဲ့။ ခါးတိုဝတ်မယ့် ပျိုမေတို့အတွက်တော့ ချက် Piercing က မိုက်နေမှာပါ။

၃။ နားခေါင်းမှာ ဖောက်တာ

ဖက်ရှင်ကျခြင်းကို ပံ့ပိုးပေးတာကတော့ နားခေါင်းမှာ ဖောက်တဲ့ Piercing ပါ။ သင့်နှာတံကို ပိုပေါ်သွားစေပြီး ပုံစံပြောင်းသွားစေပါတယ်။

၄။ နှုတ်ခမ်းပေါ်မှာ

နှုတ်ခမ်းမှာ ဖောက်ပြီး အကွင်းလေး ဝတ်လိုက်တဲ့အခါ ခပ်မိုက်မိုက်ပုံစံကို ပိုင်ဆိုင်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar