အချို့သောအကြောင်းအရင်းတွေကြောင့် လူအများစုက တစ်ကိုယ်ရည်တစ်ကာယနေထိုင်ရတာကို ပျော်ရွှင်စရာမကောင်းတဲ့ဘဝတွေလို့ ယူဆကြပါတယ်။ ဒါပေမယ့် ထိုသူတို့မေ့နေကြတာက တစ်ယောက်တည်းရှိတဲ့အချိန်ကျမှ လူများက အမှန်တရားတွေပေါ်ပေါက်လာတတ်ပြီး လွတ်လပ်စွာနေထိုင်ရတဲ့ အရသာကိုပါပဲ။

ဒါကြောင့် ထိုကဲ့သို့ တကိုယ်ရည်တစ်ကာယသမားတွေရဲ့ အပူအပင်မရှိတဲ့ ပျော်ရွှင်စရာအပြည့်နဲ့ဘဝကို အနုပညာရှင် Yaoyao Ma Van As က ကာတွန်းလေးတွေနဲ့ ပုံဖော်ရေးဆွဲခဲ့ပါတယ်။

အလုပ်ထဲစိတ်နှစ်ထားနိုင်ခြင်း

တနေကုန်အိပ်ရာထဲ လူးလှိမ့်ပြီး စိတ်တိုင်းကျ စိတ်ကူးယဉ်နိုင်ခြင်း

ကိုယ်နှစ်သက်ရာပန်းများနဲ့ အခန်းကိုအလှဆင်နိုင်ခြင်း

စိတ်အေးလက်အေးနဲ့ စာအုပ်ရွေးနိုင်ခြင်း

မိုးရေထဲလမ်းလျှောက်ခြင်း

ဘယ်သူ့မှ ရှက်စရာမလိုဘဲ စိတ်တိုင်းကျစားနိုင်ခြင်း

ကော်ဖီတစ်ခွက်နဲ့ မနက်ခင်းနေပူဆာလှုံနိုင်ခြင်း

အပြင်သွားဖို့အတွက် အေးအေးဆေးဆေးပြင်ဆင်နိုင်ခြင်း

ဝမ်းနည်းစရာကောင်းတဲ့ ရုပ်ရှင် သို့မဟုတ် သီချင်းနားထောင်တဲ့အခါ စိတ်တိုင်းကျငိုကြွေးနိုင်ခြင်း

စာဖတ်သူတို့ရော တစ်ကိုယ်ရည်တစ်ကာယ နေထိုင်ရတာက ပျော်စရာကောင်းတယ်ဆိုတာကို သဘောတူကြရဲ့လား။ ကိုယ့်အတွေးလေးတွေကို မန့်သွားခဲ့ကြပါအုံးနော်။