မလှုပ်မရှားရှိနေတဲ့ ဓာတ်ပုံတစ်ပုံကတောင် ကျွန်မတို့ရဲ့ အမြင်အာရုံတွေကို လှည့်စားနိုင်တယ်ဆိုတဲ့ အချက်ကအံ့ဩဖို့ကောင်းပါတယ်။ သင် သုံးလေးခါ ကြည့်ရင်တောင် ဘာပုံမှန်း လုံးဝ စဉ်းစားလို့မရတဲ့ ဓာတ်ပုံတွေ ရှိပါတယ်။ ဒါက ဘာလို့လဲဆိုတော့ ကျွန်မတို့ ဦးနှောက်က တကယ် မဟုတ်တဲ့ အရာကို အမှတ်မှားပြီး မတူတဲ့ရှုထောင့်တစ်မျိုးနဲ့ ပြသလိုက်တာကြောင့် ဖြစ်ပါတယ်။ ဥပမာ တက်တူးမထိုးထားတဲ့ ကလေးက တက်တူးထိုးထားတယ်လို့မြင်ရတာ ၊ ကလေးခေါင်းပေါ်ကနေ လက်ထွက်နေတာ စတဲ့ ထင်ယောင်ထင်မှား ပုံရိပ်မျိုးပါ။ မဖြစ်နိုင်တဲ့ အရာကိုကိုယ့်မျက်လုံးထဲ တကယ်ထင်စေပြီး ခေါင်းကုတ်စဉ်းစားရတဲ့ အထိ ထင်ယောင်ထင်မှား ဖြစ်တတ်ပါတယ်။

အခုဖော်ပြထားတဲ့ ပုံရိပ်တွေကို ကြည့်ပြီး ပထမဆုံး မြင်မြင်ချင်း သင်မြင်တာနဲ့ သင်ထင်တာ ကိုက်ညီရဲ့လားကြည့်ကြည့်လိုက်ပါနော်-

ကလေးလေးက တက်တူးရှိသလိုပဲနော်

​ဂြိုလ်သားလေးများလား

နောက်က ရေခဲမုန့်ကြီး ဟုတ်ရဲ့လား

သွားဖြူဖြူ ညီညီလေးတွေနဲ့ လှနေတဲ့ ခွေးလေး

သူငယ်ချင်းဗိုက်ကနေ ထွက်ထိုင်နေသလား အောက်မေ့ရတယ်

ကျောင်းအောက်ထပ် ခန်းမ

ဒီပုံထဲက ရေခဲ နေပုံက သမုဒ္ဒရာ နဲ့တောင် ဆင်သလိုပဲ

တံခါးပြင်ဘက်က ပေါက်ကွဲမှု

လျှာထုတ်နေတဲ့ ခွေးကလေး ဟုတ်ရဲ့လား

မြေအောက်ရထား ဝင်ပေါက်ဒီဇိုင်းကို သေချာဆွဲထားတာနော်

လေပူဖောင်းက ဆံပင်အပွပုံစံ ရစေတဲ့အခါ

Gigi နဲ့ Zayn ရဲ့ ကလေးလေးက တက်တူးထိုးထားတာများလား

တစ်နေရာတည်း တူတူရိုက်ထားပေမယ့် နှစ်ပုံကို ပေါင်းထားသလိုပဲ

မှန်လို့ ထင်မနေနဲ့ဦး


အမျိုးသမီးကို ဖက်နေတာပါနော်


သစ်ရွက်ကြောင့် ကားမှန် ကွဲသွားတာလား


ထူးဆန်းတဲ့လှေကားပုံစံ


ထရပ်ကားမှန်က ကိုလာဘူးအရှည်ကို ပုံမှန် Size ရောက်သွားစေပါတယ်

ဘယ်ပုံက သင့်မျက်လုံးကို အလှည့်စားဆုံးလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar