တကယ်လို့ ကိုယ့်ရဲ့ယောကျာ်းလေးသူငယ်ချင်းတစ်ယောက်ကို မိန်းကလေးတွေရဲ့ဘယ်အရာကဆွဲဆောင်မှုရှိလဲမေးလိုက်ရင် ရုပ်လှတာ ဒါမှမဟုတ် အချိုးအစားပြေပြစ်တာတွေလို့ပဲ အဖြေများပါတယ်။ တိုက်ရိုက်မဟုတ်ရင်တောင် အမျိုးသားတော်တော်များများက ဒါတွေဟာ မိန်းကလေးတွေမှာရှိသင့်တဲ့ ဆွဲဆောင်မှု တွေအဖြစ် သတ်မှတ်ကြပါတယ်။

တကယ်တမ်း မိန်းကလေးတွေနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ရတဲ့အခါမှာ ဖော်ရွေတဲ့အပြုအမူနဲ့ စိတ်တူကိုယ်တူတွဲလုပ်နိုင်တာတွေ ကလည်း ၎င်းတို့အတွက် ဆွဲဆောင်မှုတစ်မျိုးစီ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ပျိုမေတို့ ထင်မထားတဲ့ ဆွဲဆောင်မှုရှိခြင်းတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင်။

၁။ အသံစူးခြင်း

အမျိုးသားအများစုဟာ အသံအောတဲ့သူတွေထက် အသံစူးစူးလေးရှိတဲ့ မိန်းကလေးတွေကို ပိုဆွဲဆောင်မှုရှိတယ်လို့ ထင်ကြပါတယ်။ အသံစူးတာဟာ ငယ်ရွယ်သွက်လက်ပြီး မိန်းမပိုဆန်တဲ့ အသွင်ရှိတယ်လို့ သုတေသီတွေကဆိုပါတယ်။

၂။ အပြုံးချိုခြင်း

တစ်စုံတစ်ယောက်ကို ပြုံးပြခြင်းက သင့်ကို စိတ်ကြည်နူးစေတဲ့အပြင် ပိုကြည့်ကောင်းစေပါတယ်။ အမျိုးသားတွေက စိတ်ပါလက်ပါ ပြုံးတဲ့ မိန်းကလေးတွေဟာ ခင်ဖို့ကောင်းပြီးဖော်ရွေတဲ့ ဆွဲဆောင်မှုရှိသူတွေအဖြစ် သတ်မှတ်ကြပါတယ်။

၃။ မိတ်ကပ်ပါးပါးလိမ်းခြင်း

အမျိုးသားတွေဟာ မျက်နှာမှာ မိတ်ကပ်ထူထူ လိမ်းထားတာထက် သာမန်ပါးပါးလေး လိမ်းထားတာမျိုးကို ပိုသဘောကျကြပါတယ်။ မိတ်ကပ်မပါတဲ့ နဂိုအလှနဲ့ နေနိုင်ခြင်း ကလည်း သူတို့အတွက် ဆွဲဆောင်မှုတစ်မျိုးပါပဲ။

၄။ ဝိုင်းစက်တဲ့ မျက်လုံးလေးတွေရှိခြင်း

မျက်လုံး မျက်စံကြီးတဲ့ မိန်းကလေးတွေဟာ မိန်းကလေးဆန်ပြီး နူးညံ့တဲ့ပုံ ပေါ်ပါတယ်။ မျက်စံကြီးတာက အသက်ရှည်ကျန်းမာခြင်း၊ မျိုးပွားမှုစနစ် စတာတွေနဲ့ ဆက်စပ်နေပါတယ်။ လေ့လာမှုအရ မျက်စံကြီးခြင်းဟာ Estrogen ခေါ် အမျိုးသမီးဓမ္မတာနဲ့ ပတ်သက်တဲ့ဟော်မုန်း များတဲ့ လက္ခဏာရှိခြင်းဖြစ်တဲ့အတွက် ဟော်မုန်းနည်းတဲ့ သူတွေထက် ကိုယ်ဝန်ဆောင်ဖို့ အဆင်ပြေပါတယ်။

၅။ မျက်နှာကျညီခြင်း

အမျိုးသားတွေဟာ အချိုးအစားညီတဲ့ မျက်နှာကျမျိုးတွေကို ပိုနှစ်သက်ကြပါတယ်။ ဒါဟာမျိုးရိုးကောင်းမွန်မှုနဲ့လဲဆိုင်ပါတယ်။ မျိုးရိုးဗီဇကောင်းတဲ့ မိန်းကလေးဖြစ်လေလေ နောင်တစ်ချိန် မွေးလာမယ့်ကလေးကလည်း ပိုကျန်းမာလေပါပဲ။

၆။ သာမန်အသွင်အပြင်ရှိခြင်း

အမျိုးသားတွေဟာ အရမ်းချောတဲ့မိန်းကလေးတွေထက် သာမန်ရိုးရိုးရှင်းရှင်းနဲ့ကြည့်ကောင်းနေတတ်တဲ့ မိန်းကလေးတွေကို ပိုသဘောကျကြပါတယ်။

၇။ အနီရောင်ဝတ်ဆင်ခြင်း

အမျိုးသားတွေဟာ ၎င်းတို့ရဲ့ နဂိုဗီဇအရ အနီရောင်အပေါ် တုံ့ပြန်မှုရှိကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ အမျိုးသားတွေရဲ့အာရုံစိုက်မှုကို ရချင်ရင် အနီရောင်အင်္ကျီ ဒါမှမဟုတ် နှုတ်ခမ်းနီ၊ ဖိနပ် စတာတွေကို ဝတ်ဆင်ပါ။