မင်္ဂလာပါနော်။ ချစ်သူရှိတဲ့ မိန်းကလေးတွေအနေနဲ့ ကိုယ့်ရဲ့ ချစ်သူကောင်လေးက ကိုယ့်အပေါ် တကယ်ချစ်မချစ်ဆိုတာကို သူပြောတဲ့စကား သူလုပ်တဲ့အပြုအမူတွေကနေ တဆင့် သိရှိနိုင်ပါတယ်နော်။

အကယ်လို့ သူက သင့်ကို တကယ်အချစ်စစ်နဲ့ချစ်မိသွားပြီဆိုရင် သူပြောတဲ့စကားတွေထဲမှာ အခုဖော်ပြမယ့်စကားလုံးတွေ သင် ကြားရလိမ့်မှာပဲ့ဖြစ်ပါတယ်။  ကဲ…ဘယ်လိုစကားလုံးမျိုးလဲဆိုတာ ကြည့်လိုက်ပါအုံးနော်..

သင့်ကို ချစ်စနိုးနာမည်လေးတစ်ခုပေးမယ်

သင့်ကို ချစ်စရာကောင်းတဲ့ (သို့) ရယ်စရာကောင်းတဲ့ နာမည်ပြောင်တစ်ခု သူပေးထားပြီး သင့်ကိုလည်း အဲဒီနာမည်ပြောင်ကို ခေါ်မှာဖြစ်ပါတယ်။

မင်းအရမ်းလှတယ်

သင့်ကို ချစ်တဲ့သူတွေက သင့်ရဲ့ အလှစစ်ကိုလည်း လက်ခံမှာဖြစ်သလို သင်ဘယ်လိုနေနေ သူ့မျက်လုံးထဲမှာ လှနေမှာပါ။

လွမ်းတယ်

ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ သင့်ကို လွမ်းတာမျိုး သူခံစားရမှာပါ။ သင့်ကိုလည်း လွမ်းတယ်လို့ ပြောမှာဖြစ်ပါတယ်။

ကိုယ်သတိထားမိတယ်

တကယ်ချစ်တဲ့ကောင်လေးက သင့်ရဲ့ အသေးအမွှားတွေကအစ သတိထားမိနေမှာပါ။ သင်စိတ်မကောင်းဖြစ်နေတာလား စိတ်ခုနေတာလား သင့်စိတ်ခံစားချက် ဘယ်လိုရှိသလဲဆိုတာကို အမြဲတမ်း သတိထားမိနေမှာဖြစ်ပါတယ်။

ကိုယ်မင်းအတွက် အဆင်သင့်ရှိနေမယ်

အချစ်စစ်ဆိုတာ သင်လိုအပ်တဲ့အချိန်အတိုင်း အနားမှာအဆင်သင့်ရှိနေတာမျိုးပါ။

ဘယ်လိုနေလဲ

သင်နဲ့တွေ့ ရင်ဖြစ်ဖြစ်၊ ဖုန်းပြောရင်ဖြစ်ဖြစ် ဘယ်လိုနေလဲ ၊ ဒီနေ့အဆင်ပြေရဲ့လား စသဖြင့် တစ်နေ့တာလုံးရဲ့အခြေအနေကို မေးမြန်တတ်မှာဖြစ်ပါတယ်။

ကိုယ်မင်းကို ကူညီနိုင်ပါတယ်

ချစ်တဲ့ကောင်လေးတစ်ယောက်က သင့်ကို အမြဲတမ်းကူညီဖို့ ဆန္ဒရှိနေမှာပဲ့ဖြစ်ပါတယ်။ သင့်ကို တစ်ယောက်တည်းအထီးကျန်စေခိုင်းမှာမဟုတ်သလို သင်လိုအပ်တဲ့အချိန်တိုင်း
အနားမှာရှိနေမှာပါ။

ဒီအရာက မင်းကို သတိရသွားစေတယ်

ဥပမာ သင်ကြိုက်တတ်တဲ့ဟင်းလေး ချက်စားဖြစ်ရင် သင့်ကိုသတိရတာမျိုး၊ သင်ကြိုက်နှစ်သက်တဲ့ အဝတ်အစား ဒီဇိုင်းမျိုးတွေ့ရင် သင့်ကို သတိရတာမျိုး၊ အကောင်းတကာ့ အကောင်းဆုံးတွေ တွေ့ရင် သင့်ကို သတိရတာမျိုးပါ။