ပေါင်းသင်းရခက်သူ (လူ့ဂွစာ) တွေက ပုံစံအမျိုးမျိုး ရှိကြပါတယ်။ တစ်ချို့က စိတ်အရမ်းတိုတက်တယ်။ တစ်ချို့က ဘာမှတိုင်ပင်ဆွေးနွေးလို့မရဘူး။ တစ်ချို့က ခေါင်းမာတယ်။ တစ်ချို့ကကြတော့ သူတို့ကိုယ်သူတို့ အတော်ဆုံးလို့ထင်ကြတယ်။ ဒီလိုလူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာဟာ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။

ဒါပေမယ့် တစ်ခုသိထားရမှာက တစ်ခါတစ်လေ ဒီလိုလူတွေနဲ့ ပြောဆိုဆက်ဆံရ တက်ပါတယ်။ စီးပွားရေးကိစ္စ (သို့) လူမှု့ရေးကိစ္စတွေ အတွက်နဲ့ ဒီလိုလူတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါမှာ အခက်အခဲမရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

(၁) သူ့ကို နားလည်ကြောင်း ဖော်ပြပေးပါ (သူ ဝမ်းနည်း နေလား ၊ ဒေါသ ထွက်နေလား မေးပါ ၊ ပြီးလျှင် မင်းက သူ့ကို နားလည်ကြောင်း ပြောပြပါ)

တင်းမာသော အခြေအနေကို လျော့ချ ပေးဖို့ရာ သူ့စိတ်ကို အရင်ငြိမ်သက်အောင် လုပ်ပေးပါ။ ပြီးလျှင် မျှဝေခံစားခြင်း နည်းလမ်းကို အသုံးချပါ။ သူနဲ့ ပတ်သတ်တဲ့ အကြောင်းကို စဉ်းစားပါ။ အဆုံးသတ်မှာ မလွယ်ကူဘူး ဆိုတဲ့ အကြောင်းကို ပြောပြလိုက်ပါ။ ဥပမာ – သင့်ရဲ့ မိတ်ဆွေ တစ်ဦးက ကုမ္ပဏီ မှ ချမှတ်လိုက်သော စည်းမျဉ်းအသစ်တွေ ကို ဒေါသထွက်နေမယ် ဆိုရင် သင့်အနေနဲ့ ကုမ္ပဏီကြီးတစ်ခုရဲ့ မန်နေဂျာ တစ်ဦးဖြစ်ရတာထင်သလောက် မလွယ်ကူကြောင်းနားလည်အောင်ပြောပေးပါ။ ပြီးတော့ သူဆီမှာရှိတဲ့ ပြောစရာအကြောင်းအရာတွေကို ထပ်မေးပါ။

(၂) ကျေးဇူးတင်စကား ဆိုပါ

လုပ်ပြီးသား အလုပ်တစ်ခုက အဆင်မပြေလို့ ပြန်လုပ်စတယ်ဆိုတာ လူတိုင်းမနှစ်သက်တဲ့ အရာတစ်ခုပါ။ အကယ်၍ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ကို သူလုပ်ပြီးသားအလုပ်တစ်ခု အစကနေ ပြန်ပြင်လုပ်ခိုင်းရမယ်ဆိုရင် ပြောရခက်ခဲတဲ့ အခြေအနေတစ်ခုပါပဲ။ ဒီလိုအခြေအနေမျိုးမှာ သင့်အနေနဲ့ သူ့ကို ကျေးဇူးတင်စကားအရင်ဆိုရပါမယ်။ “ကူညီ လုပ်ကိုင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ ဒီတစ်ခုကို ဒီထက်ပိုကောင်းအောင် လုပ်ရအောင်” စသဖြင့် စကားချိုချိုလေးတွေ ပြောပေးခြင်းက ပိုပြီးထိရောက်ပါလိမ့်မယ်။

(၃) စကားအပြောဆို နူးညံ့မှု့ ရှိပါ

တစ်ခုခု ကိုယ်အလိုရှိတိုင်း တစ်ဖက်လူကို တွန်အားမပေးပါနဲ့။ ကိုယ်ဘက်ပါလာအောင် နူးညံ့သိပ်မွေ့စွာ ချဉ်းကပ်တက်ဖို့လိုအပ်ပါတယ်။ ဥပမာ – သင်က အဝတ်အစား အသစ် သွားဝယ်ဖို့ သူငယ်ချင်း ကို အဖော်ခေါ်ချင်တယ် ဆိုပါတော့ သို့ပေမယ့် သူငယ်ချင်းလုပ်တဲ့သူက ပျင်းနေမယ် အဖော်လိုက်ပေးချင်စိတ်ရှိမနေဘူးဆိုရင် “အဝတ်စားဝယ်မယ်ဆိုရင် ငါက ငါ့အတွက်ငါ မရွေးတတ်ဘူး ၊ မင်းက အဝတ်စားရွေးတဲ့နေရာမှာ သိပ်တော်တယ်လေ နင်ငါ့နဲ့ လိုက်ခဲ့ရင် အရမ်းကောင်းမှာပဲ” စတဲ့ နူးညံ့ပြီး ချီးကျူးသံပါတဲ့ စကားလုံးတွေကို သုံးပေးမယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။

(၄) စဉ်းစားရန် အချိန်လိုကြောင်း ပြောပါ

သင့်တော်သော ဆုံးဖြတ်ချက် တစ်ခုချဖို့ မှန်မှန် ကန်ကန် တွေးခေါ်တတ်ဖို့ လိုပါတယ်။ တစ်စုံတစ်ယောက်က တစ်ခုခုဆုံးဖြတ်ဖို့ အတင်းတွန်းအားတွေ ပေးလာမယ်ဆိုရင် စဉ်းစားဖို့ အချိန်လိုအပ်ကြောင်း တည်တည်ငြိမ်ငြိမ်နဲ့ ထပ်ခါတလဲလဲ ပြောပေးပါ။ “ငါ့မှာ ဒီကိစ္စ နဲ့ ပတ်သက်ပြီး စဉ်းစားဖို့အချိန်လိုပါတယ်။ ငါ အမှားမလုပ်ချင်ဘူး ။ မင်း ငါ့ကို နားလည်ပေးမယ်လို့ မျှော်လင့်မိပါတယ်” စသဖြင့် အေးဆေးတည်ငြိမ်စွာ တုံ့ပြန်ဖို့လိုအပ်ပါတယ်။ ပြောနေတဲ့ အကြောင်းအရာအပေါ် အာရုံမစိုက်ဘဲ တခြားအကြောင်းအရာတွေအပေါ် အာရုံလွဲတာ အကြောင်းအရော ပြောင်းလဲပြောဆိုတာတွေက အမြဲတမ်း အလုပ်မဖြစ်ပါဘူး။

(၅) အော်ငေါက်ပြောဆိုခြင်း ကို မကြိုက်ကြောင်း ထုတ်ပြောပါ

သင့်ကို တစ်ယောက်ယောက် က အော်ငေါက် တဲ့ အခါ မကြိုက်ကြောင်း ထုတ်ပြောပါ။ အော်ငေါက်သူတွေသည် သင့်ရဲ့ သူဌေး ဖြစ်ချင်ဖြစ်ပါလိမ့်မယ် သို့သော် ဆိုးဆိုးရွားရွား မတုံ့ပြန်လိုက်ပါနဲ့ ။ သူတို့ မင်းကို ပြောဆိုဆက်ဆံပုံ ကို မကြိုက်ကြောင်း ထုတ်ပြောလိုက်ပါ။ “ခင်ဗျာဒေါသထွက်နေတာကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် ဒီလိုအော်ငေါက်နေတာက အဆင်မပြေဘူးခင်ဗျ” စသဖြင့် ယဉ်ကျေးစွာ ပြောပြတက်ဖို့ လိုအပ်ပါတယ်။

(၆) ဝေဖန်မည့်အစား ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြည့်ပါ

တစ်ခုခုလုပ်တာ မှားနေတယ် ဆိုရင်တောင်မှ ပြစ်တင်ဝေဖန်ခြင်းက အကောင်းဆုံး ဖြေရှင်းနည်း တစ်ခုမဟုတ်ပါ။ ဝေဖန်ခြင်းထက် အပြုသဘော ဆောင်သည့် ပြောဆိုပုံ နည်းလမ်းရှိပါသေးတယ်။ “မင်းမှန်ပါတယ်။ အော်ဟစ်မနေဘဲနဲ့ ငါအမှားတွေအကြောင်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်တယ်။” စသဖြင့် ပြောဆိုပေးပါ။

Source: Bright Side