ဓာတ်ပုံရိုက်တိုင်းမှာ ဒီပို့စ်တွေချည်းပဲ ထပ်တလဲလဲလုပ်နေလို့ ပို့စ်ထပ်နေတဲ့သူတွေအတွက် Photoshoot ဆန်တဲ့ ပို့စ်ပေးနည်းအသစ်တွေကို မျှဝေပေးလိုက်ပါတယ်။ လိုက်လုပ်လို့လွယ်အောင် ချစ်ဖို့ကောင်းတဲ့ Jung Chae-yeon ရဲ့ Photo ပို့စ်လေးတွေကို ရွေးချယ်ပေးထားပါတယ်။

ဆိုဖာတွေ့ရင် ဒီလိုလေးပို့စ်ပေးပြီးသာ ရိုက်ကြည့်ပါ။ မျက်နှာအနေအထားက Chae-yeon လိုရယ်နေရင် ပိုပြီးချစ်ဖို့ကောင်းမှာပါ။

ဆိုဖာပေါ်မှာ ပိုက်ဆံအိတ်ကိုကိုင်ထားပြီး Chae-yeon လို ပို့စ်ပေးကြည့်ပါ။ Photoshoot ဆန်တဲ့ ပို့စ်ပေးနည်းနဲ့ အရမ်းမိုက်ပါတယ်။ သူများထက်ဆန်းတဲ့ပို့စ်နဲ့ လှနေပါလိမ့်မယ်။

ဒီလိုမျိုးလေးထိုင်ရိုက်တာကတော့ အရမ်းဆန်းပါတယ်။ တကယ့်ကို Photoshoot ဆန်တဲ့ ပို့စ်ပါပဲ။ ဒီလိုလေးရိုက်မယ်ဆိုရင်တော့ ပိုက်ဆံအိတ်ကိုလည်း ရှေ့ချထားဖို့ မမေ့ပါနဲ့။

ဂါဝန်လေးဝတ်ထားပြီး ဆံပင်အရှည်လေးကိုချထားပြီး ဒီလိုပို့စ်လေးလုပ်ကြည့်ပါ။ အရမ်းလှပါတယ်။ Indoor မှာရိုက်ရင် ပိုပြီးလှမှာပါ။

ချစ်ဖို့ကောင်းတဲ့ Cute Type လေးရိုက်ချင်ရင်တော့ ပိုက်ဆံအိတ်ကို လက်နှစ်ဖက်နဲ့ ရှေ့မှာကိုင်ထားပြီး ဒီလိုလေးနှုတ်ခမ်းဆူကာ ပို့စ်ပေးကြည့်ပါ။ နှုတ်ခမ်းမဆူချင်ရင် တစ်ဖက်ကိုကြည့်ပြီး ပြုံးနေလို့လည်း အဆင်ပြေပါတယ်။

အိမ်ကနံရံမှာ ပန်းလေးတစ်ပွင့်နဲ့ ဒီလိုပို့စ်ပေးလေးပေးပြီး ရိုက်ကြည့်ပါ။ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။ ပြီးမှ ပန်းနေရာကို Edit လုပ်ပြီး ဝါးလိုက်လို့ရပါတယ်။

ပိုက်ဆံအိတ်ကို Chae-yeon ကိုင်ထားပြီး ထိုင်ရိုက်ကြည့်ပါ။ ပို့စ်အဆန်းလေးဖြစ်သလို Photoshoot လည်းဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ဓာတ်လှေကားထဲရောက်ရင် လင်းပြီး Lighting ကောင်းတယ်ဆို Chae-yeon လိုပို့စ်လေးပေးပြီး ရိုက်ကြည့်ပါ။ အရမ်းမိုက်ပြီး လှလည်းလှပါတယ်။

နံရံကိုနောက်ခံထားပြီး အနီးကပ် ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ Photoshoot ဆန်ပြီး အရမ်းချစ်ဖို့ကောင်းနေပါလိမ့်မယ်။

အခန်းထဲမှာ ခုံပေါ် Chae-yeon လိုထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ ပိုက်ဆံအိတ်ကိုင်ထားရင် ပိုပြီး Photoshoot ဆန်ဆန်လေးနဲ့ လှနေမှာပါ။ ရိုက်တဲ့သူက သေချာရိုက်ပေးတတ်ရင်တော့ ဒီပို့စ်လေးက အရမ်းလှပါတယ်။

အခန်းထဲမှာ မီးထွန်းပြီး Chae-yeon ကိတ်ကိုကိုင်စားနေတဲ့ပုံလေး ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ မီးထွန်းမှ Photoshoot ဆန်ဆန်နဲ့ ပုံလေးက Perfect ဖြစ်နေမှာပါ။

Photo source:www.pinterest.com