သူငယ်ချင်းတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါ Team Idea လိုအပ်သလို Creative ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ဒီလိုမှ ဓာတ်ပုံထဲမှာ ပျော်ရွှင်နေတဲ့ သူငယ်ချင်း အုပ်စုကို မြင်နိုင်မှာပါ။ ဒီလို ပုံလှလှလေးတွေကို အမှတ်တရ သိမ်းထားနိုင်သလို၊ ကိုယ်က သူငယ်ချင်းတွေ ပိုင်ဆိုင်ကြောင်း သူများမြင်အောင် ကြွားဖို့အတွက်လည်း ရိုက်နိုင်ပါတယ်။ ဒီတော့ သူငယ်ချင်းတွေနဲ့ ပို့စ်ပေးနိုင်မယ့် အိုင်ဒီယာတွေကို ဖော်ပြလိုက်ပါတယ်။

ညဘက် ဓာတ်ပုံ

ညဘက် သူငယ်ချင်းတွေနဲ့ အပြင်ထွက်တဲ့အချိန် ဓာတ်ပုံရိုက်တာက မြင်တဲ့သူကိုပါ အပြင်ထွက်ချင်စိတ် ဖြစ်စေပါတယ်။ ဒါ့အပြင် ညဘက် ဓာတ်ပုံပို့စ်က သဘာဝကျကာ အပျော်တွေပါ ကူးစက်စေမယ့် အိုင်ဒီယာ ဖြစ်ပါတယ်။

Mirror ဓာတ်ပုံ

မှန်ရှေ့မှာ သူငယ်ချင်းတွေ အတူတူ ဓာတ်ပုံရိုက်တာကို သင် တစ်ခါလောက်တော့ လုပ်ဖူးမှာပါ။ သင်က သူငယ်ချင်းတွေနဲ့ မရိုက်ဖူးရင် မှန်ရှေ့ တူတူ ဓာတ်ပုံရိုက်ကြည့်ပါလို့ အကြံပေးပါရစေ။

လမ်းပေါ်မှာ ပို့စ်ပေးမယ်

ခရီးသွားတဲ့အချိန် ရိုက်နိုင်မယ့် အိုင်ဒီယာကတော့ လမ်းပေါ်မှာ ဓာတ်ပုံရိုက်တာပါ။ သူငယ်ချင်းတွေ လမ်းပေါ်မှာ မတ်တပ်ရပ်ကာ ပျော်နေတဲ့ ပုံစံလေး ပို့စ်ပေးနိုင်ပါတယ်။

Shopping ဓာတ်ပုံ

သူငယ်ချင်းတွေ Shopping တူတူ ထွက်တဲ့အခါ ပျော်ပျော်ရွှင်ရွှင် ဓာတ်ပုံရိုက်နိုင်ပါသေးတယ်။ Shopping Mall ကြီးထဲ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ပို့စ်ပေးဖို့ မမေ့ပါနဲ့နော်။

LED ဓာတ်ပုံ

သင်တို့ဆီမှာ Tiktok ရိုက်တဲ့အချိန် သုံးတဲ့ LED မီးတွေ ရှိမယ်ဆိုရင် သူငယ်ချင်းတွေနဲ့ ခပ်မိုက်မိုက် ဓာတ်ပုံရိုက်နိုင်ပါတယ်။

အာဘွားပေးမယ်

သူငယ်ချင်း သုံးယောက်ရှိရင် အလယ်က တစ်ယောက်ကို အာဘွားပေးတော့မယ့် ပုံစံလေး ပို့စ်ပေးကြည့်နိုင်ပါတယ်။

ပွေ့ဖက်မယ်

အခင်ဆုံး သူငယ်ချင်းတွေ အချင်းချင်း ပွေ့ဖက်နေတဲ့ ပို့စ်လေးကလည်း ကြည့်တဲ့သူတွေကို အပျော်တွေ ကူးစက်စေမယ့် ပို့စ်ပေးနည်း ဖြစ်ပါတယ်။

Photo Source: Pinterest
By MyStyle Myanmar