လက်ထပ်မင်္ဂလာပွဲဆိုတာဟာ စုံတွဲတွေအတွက် အင်မတန်အဖိုးဖြတ်မရတဲ့ အမှတ်တရ နေ့တစ်နေ့ပါပဲ။ ဒါကြောင့်မို့လို့ ဒီလိုနေ့မှာဆိုရင် အလှဆုံးဖြစ်နေဖို့အတွက် သတို့သမီးလေးတွေဟာ လပေါင်းများစွာ အချိန်ကုန်ခံပြီး မိတ်ကပ်၊ အဝတ်အစား၊ လက်ဝတ်ရတနာတွေအတွက် အစီစဥ်တွေဆွဲရတာလည်းမဟုတ်ပါလား။
မင်္ဂလာပွဲတွေဟာ အခုခေတ်မှာသာ ပွဲကြီးတစ်ခုအနေနဲ့ အရေးပါအရာရောက်ကာ ဆောင်ရွက်ကြတာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အရေးကြီးတဲ့ပွဲတစ်ခုအဖြစ် သတ်မှတ်ကြတယ်ဆိုတာကို ဓာတ်ပုံတွေကနေတဆင့် ပြန်လည်မြင်တွေ့ရနိုင်ပါတယ်။
သတို့သမီးတွေအတွက် အရေးပါဆုံးဖြစ်တဲ့ သတို့သမီးဝတ်စုံဟာဆိုရင်လည်း သူ့ခေတ်သူ့အခါမှာတော့ အလှကိုယ်စီရှိခဲ့ကြတာမို့ အရင်ခေတ်တုန်းကရော ဘယ်လိုမျိုးဖက်ရှင်မျိုးလေးတွေကို ဝတ်ဆင်ပြီးတော့ သူမတူတဲ့အလှတစ်မျိုးကို ဖန်တီးယူနိုင်ခဲ့ကြသလဲဆိုတာကို အခုပဲကြည့်လိုက်ရအောင်ပါ။
Source: BrightSide