လက်ရှိအချိန်မှာဆိုရင် နွေရာသီပူလောင်တာကြီးက တော်တော်ကြောက်စရာပါ။ မနက်မိုးလင်းချိန် ၇ နာရီလောက်ကတည်းကစပြီး ပူအိုက်တာက ညနေ နေဝင်သွားတာတောင်မှ မပျောက်ဘဲ ပူရှိန်းရှိန်းကျန်နေခဲ့ပါသေးတယ်။
သူ့ရဲ့ဆိုးရွားလှတဲ့ အပူချိန်ကို မခံနိုင်ကြတဲ့အထဲမှာ လူသားတွေသာမဟုတ်ဘဲ တိရိစ္ဆာန်လေးတွေလည်း ပါနေပြီး သူတို့လေးတွေရဲ့ အပူဒဏ်ကိုသက်သာစေဖို့ လုပ်ယူကြတဲ့ နည်းလမ်းလေးတွေကို MyStyle Myanmar ရဲ့ စာဖတ်ပရိတ်သတ်တွေအတွက် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
သူလည်း တစ်ဘူးရအောင်ယူထားတာ
လက်နှစ်ဖက်အပူသက်သာလည်း နည်းလားနော်
ဖင်ပေးပြီးကို ပန်ကာလေခံနေသော ကိုရွှေကြောင်
အခွင့်ကောင်းကို အကျိုးရှိရှိ အသုံးချနေတာ
ရာသီဥတုပူလွန်းပေမယ့်လည်း နှစ်ဦးသားမခွဲနိုင်တဲ့အခါ
ဒီလောက်ဆိုရင်တော့ ပူတာသက်သာလောက်ပါပြီ
ပူအိုက်လှတဲ့ နွေရာသီရဲ့ နေ့တစ်နေ့မှာ သူ့ဆိုဒ်နဲ့ကွက်တိ ရေကူးကန်ရှာတွေ့ဖို့က မလွယ်လှပါဘူး
နွေရာသီရဲ့ ပူအိုက်မှုကြီးက…
စူပါမားကတ်မှာ အလုပ်လုပ်နေသူတို့မှာလည်း သူ့အားသာချက်နဲ့သူပဲနော်
အပြင်က ရာသီဥတုက တအားပူအိုက်လွန်းချိန် အိမ်မှာ အဲကွန်းမရှိတဲ့အခါ