ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ မိန်းကလေးတိုင်းအတွက် အသုံးဝင်စေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တော့မယ်ဆိုရင် ဘယ်လိုပို့စ်ပေးရမလဲစဉ်းစားရတာလဲ အလုပ်တစ်ခုပါပဲ။ ဒီပုံလေးတွေကြည့်ထားတော့ အလွယ်တကူလိုက်လုပ်လို့ရတာပေါ့။

တစ်ခုခုစားနေတဲ့အချိန်တွေမှာဆိုရင် ဒီလိုလေးပို့စ်ပေးပြီးရိုက်ကြည့်ပါ။ သဘာဝဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

ထိုင်ပြီးရိုက်ချင်ရင်တော့ ဘောင်းဘီဝတ်ထားရင် ဒီလိုမျိုးလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

မိန်းကလေးတွေ ဆံပင်စည်းနေတဲ့ပုံလေးရိုက်ရင် အရမ်းလှပါတယ်။ ဒါကြောင့် ဘယ်လိုပို့စ်ပေးရမှန်းမသိရင် ဒီလိုလေးတွေသာ ပို့စ်ပေးပြီးရိုက်ကြည့်ပါ။

မုန့်စျေးတန်းသွားတဲ့အခါတို့၊ စျေးသွားတဲ့အခါတို့၊ ခရီးသွားတဲ့အခါတို့မှာဆိုရင်လည်း ဒီလိုမျိုးလေး ပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ဘာပို့စ်မှသိပ်မလုပ်တတ်ရင် ဒီလိုမျိုး မျက်နှာလေးမော့ပြီး ရယ်နေတဲ့ပုံလေးသာ ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

ဓာတ်ပုံရိုက်တဲ့အခါမှာ မျက်နှာအနေအထားက အသက်ပါပဲ။ ဒါကြောင့် ပို့စ်သိပ်မပေးတတ်လည်း မျက်နှာထားသာ လှလှလေးတွေ၊ ခပ်မိုက်မိုက်လေးတွေလုပ်တတ်ရင် အဆင်ပြေနေပါပြီ။

ပို့စ်သိပ်မလုပ်တတ်တဲ့သူတွေဆိုရင် တစ်ဖက်ကိုကြည့်ပြီး ဆံပင်သပ်နေတဲ့ပုံလေးတွေ၊ ဆံပင်ကိုင်နေတဲ့ပုံလေးတွေသာ ရိုက်ကြည့်ပါ။

အပေါ်ထပ်အင်္ကျီလေးတွေဝတ်ထားရင် ဒီလိုမျိုးလေး ပို့စ်ပေးပြီးရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပြီး လုပ်ရတာလည်းလွယ်တဲ့ပို့စ်မျိုးပါ။

photo source:www.pinterest.com