ဓာတ်ပုံရိုက်တဲ့အခါမှာ ကောင်းကင်နဲ့ တိမ်တွေပါအောင် ရိုက်ချင်တဲ့သူတွေအတွက် ပို့စ်အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီပို့စ်လေးတွေက ဓာတ်ပုံရိုက်တဲ့အခါမှာ အရမ်းအသုံးဝင်မှာ သေချာပါတယ်။

ဒီပို့စ်လေးဆိုရင် ကောင်းကင်နဲ့တိမ်တွေပါသလို ကိုယ့်မျက်နှာနဲ့ body လေးလည်း ပေါ်လွင်နေစေတာကြောင့် အရမ်းလှပါတယ်။

Rooftop တွေရှိရင် တိမ်တွေပါအောင် ဒီလိုလေးထိုင်ရိုက်ပြီး ပို့စ်ပေးကြည့်ပါ။ View အရမ်းလှသလို လူကလည်း အရမ်းချစ်ဖို့ကောင်းနေမှာ သေချာပါတယ်။

ကင်မရာကောင်းကောင်းနဲ့ ရိုက်မယ်ဆိုရင်တော့ ဒီလိုလေးပို့စ်ပေးပြီး အောက်ကနေ ပင့်ရိုက်ပါ။ အရမ်းမိုက်ပါတယ်။

တိမ်တွေနဲ့ ဒီလိုလေးရိုက်ရင် လုံးဝအလွင့်ဖြစ်ပြီး အရမ်းလှပါတယ်။

တိမ်တွေ သိသိသာသာပါချင်ရင် ဒီလိုလေးရိုက်ပါ။ ရိုက်တဲ့သူက အောက်ကနေ ပင့်ရိုက်ပါ။ Body အသားပေးချင်ရင် ဒီလိုပို့စ်မျိုး လုပ်ကြည့်ပါ။

အထာကျပြီး အရမ်းမိုက်တဲ့ ပို့စ်မျိုးဖြစ်ပါတယ်။ ကောင်းကင်တစ်ခုလုံးပါနေသလိုမျိုး ရအောင်ရိုက်ထားတာပါ။

Rooftop (သို့) ဝရံတာကနေ view ရှင်းနေရင် ဒီလိုလေးပဲ ပို့စ်ပေးရိုက်ပါ။ ရိုးရိုးလေးနဲ့ အရမ်းလှပါတယ်။

ကောင်းကင်နဲ့ရိုက်ရင် အရမ်းလှပြီးမိုက်တဲ့ ပို့စ်မျိုးဖြစ်ပါတယ်။ ရိုက်ဖြစ်အောင်ရိုက်ကြည့်သင့်တဲ့ ပို့စ်ပါပဲ။

ဒီလိုပို့စ်လေးတွေဆိုရင် အလွင့်လေးဖြစ်ပြီး လှလည်းလှပါတယ်။ ကောင်းကင်နဲ့တိမ်တွေလည်း အကုန်ပါပါတယ်။

ကောင်းကင်နဲ့တိမ်တွေပါအောင် ရိုက်တဲ့အခါမှာ ဒီလိုနောက်ကျောပုံလေးတွေလည်း ပါအောင်ရိုက်ပါ။ မျက်နှာမပါတာတောင် အရမ်းလှနေစေပါတယ်။

မြက်ခင်းမှာ ဒီလိုလေးထိုင်ပြီး ကောင်းကင်နဲ့တိမ်တွေပါအောင် ရိုက်လို့လည်း ရပါတယ်။ ဒါပေမယ့် view ကရှင်းနေမှ လှမှာပါ။

photo source:www.pinterest.com