စကပ်လေးတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ ပို့စ်မပေးတတ်တဲ့သူတွေအတွက် ဘယ်လိုပို့စ်တွေပေးလို့ရမလဲဆိုတဲ့ အိုင်ဒီယာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါမှာ ပို့စ်တွေစဉ်းစားနေစရာမလိုပဲ ဒီပုံလေးတွေကြည့်ပြီး လိုက်လုပ်လိုက်ရုံပဲမို့ အရမ်းအသုံးဝင်မှာပါ။

တစ်ကိုယ်လုံးမရိုက်ဘူးဆိုရင် ဒီလိုလေး လက်နောက်ပစ်ထားပြီး ပို့စ်ပေးကြည့်ပါ။

မိန်းကလေးဆန်ဆန်လေးနဲ့ လှနေအောင် ဒီလိုလေးပို့စ်ပေးလို့လည်း ရပါသေးတယ်။

အထာကျကျနဲ့ မိုက်နေအောင်ဆိုရင်တော့ နေကာမျက်မျက်လေးတပ်ပြီး ဒီလိုလေးသာ ပို့စ်ပေးကြည့်ပါ။

ဘောင်းဘီ၊ စကပ်တွေကို ဆွဲတင်တဲ့ပို့စ်လေးက ခေတ်စားနေတာဆိုတော့ စကပ်ဝတ်ထားလည်း ဒီလိုလေး ပို့စ်ပေးကြည့်ပါ။

Snap ဆန်ပြီး မိုက်နေစေမယ့် ပို့စ်ဖြစ်လို့ mini စကပ်လေးတွေဝတ်ထားရင် ဒီလိုလေး ပို့စ်ပေးကြည့်ပါ။

ကိုယ်ဝတ်ထားတဲ့ စကပ်ဖက်ရှင်လေးက ဆွဲဆောင်မှုရှိတာမျိုးဆိုရင်တော့ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ အရမ်းမိုက်ပါတယ်။

တစ်ကိုယ်လုံးပုံရိုက်တဲ့အခါ မိန်းကလေးဆန်ဆန်နဲ့ လှပကျော့ရှင်းနေအောင် ဒီလိုလေး ပို့စ်ပေးရိုက်ကြည့်ပါ။

ချစ်ဖို့ကောင်းအောင် ခြေထောက်လေးတစ်ဖက်မြှောက်ပြီး ဒီလိုလေးလည်း ပို့စ်ပေးလို့ရပါသေးတယ်။ တော်တော်များများက ခြေထောက်လေးမြှောက်တာဆိုရင် ဘောင်းဘီဝတ်မှ ပို့စ်ပေးကြတာများပါတယ်။

လှေကားမှာရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးကိုသာ ရိုက်ကြည့်ပါ။ လှပနေတာပါပဲ။

ဒီပို့စ်လေးဆိုရင် အရမ်းချစ်ဖို့ကောင်းပါတယ်။ သူများနဲ့မတူတဲ့ ပို့စ်လေးတွေပေးပြီး ရိုက်ချင်ရင် ဒါမျိုးလေးရိုက်ကြည့်ပါ။