ဓာတ်ပုံရိုက်ရင် mask မတပ်ပဲရိုက်မှ လှတာမဟုတ်ပါဘူး။ Mask နဲ့လည်း လှအောင်ရိုက်လို့ရပါတယ်။ အဓိကကတော့ ပို့စ်ပေးတတ်ဖို့ပါပဲ။ ဒါကြောင့် ဓာတ်ပုံရိုက်ရတာကို ဝါသနာပါတဲ့ လူငယ်ကောင်မလေးတွေအတွက် mask တပ်ပြီး ဓာတ်ပုံရိုက်တာတောင်မှ လှနေစေမယ့်၊ အထာကျပြီးမိုက်နေစေမယ့် ပို့စ်ပေးနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ Mask မချွတ်ပဲ ရိုက်ချင်တဲ့အခါမှာဆိုရင် ဒီပို့စ်လေးတွေက အရမ်းကိုအသုံးဝင်စေမှာပါ။

Mask တပ်ပြီး mask အောက်ကနေ ရယ်နေပါ။ အဲ့အခါကျရင် မျက်လုံးလေးက ပိုလှသွားစေပါတယ်။ ပြီးရင်တော့ ဒီလိုလေး ပို့စ်ပေးပြီး ရိုက်ကြည့်ပါ။

Mask နဲ့ရိုက်ရင် ဒီလိုလေးပို့စ်ပေးပြီးရိုက်တာက သဘာဝဆန်ပြီး ချစ်ဖို့ကောင်းသလို၊ လှလည်းလှပါတယ်။ Snap ရိုက်လိုက်တဲ့ပုံစံမျိုးတောင် ဖြစ်စေပါသေးတယ်။

တခြားတစ်ဖက်ကိုကြည့်ပြီး လမ်းလျှောက်လာတဲ့ပုံစံလေးလည်း ရိုက်ကြည့်ပါ။ ဒီလိုပုံစံလေးက mask နဲ့ရိုက်လည်း လှပါတယ်။ ဒါလည်း snap ပုံစံလေးဖြစ်စေပါတယ်။

Mask နဲ့ ထိုင်ပြီးရိုက်မယ်ဆိုရင် ကင်မရာကိုမကြည့်ပဲ တခြားတစ်ဖက်ကို ကြည့်နေတဲ့ပုံစံလေး ရိုက်ပေးပါ။ ပိုလှပါတယ်။

Mask နဲ့ လှေကားမှာ ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ လူငယ်ကောင်မလေးတွေ စကပ်လေးတွေဝတ်ပြီးရိုက်ရင် ပိုလိုက်ဖက်ပါတယ်။

ကားပါကင်မှာ mask နဲ့ ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အထာကျပြီးမိုက်တဲ့ပုံစံလေး ဖြစ်စေပါတယ်။ ဖက်ရှင်အသားပေးချင်တဲ့အခါမှာဆိုရင် ဒီလိုပုံစံလေးတွေက အရမ်းမိုက်ပါတယ်။

Mask တပ်ပြီးရိုက်တဲ့အချိန်မှာ စကပ်လေးတွေ၊ ဂါဝန်တိုလေးတွေဝတ်ထားရင် ဒီလိုပုံစံလေးပို့စ်ပေးကြည့်ပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။

ရိုးရိုးလေးနဲ့ချစ်ဖို့ကောင်းအောင် ဒီလိုပို့စ်လေးတွေလည်း လုပ်ကြည့်ပါ။ ကင်မရာကြည့်လိုက်၊ ဟိုဘက်လှည့်လိုက်နဲ့သာ ပို့စ်ပေးပါ။ Mask တပ်ထားတော့ မျက်နှာအနေအထားကိုလည်း သိပ်ပြီးဂရုစိုက်နေစရာ မလိုပါဘူး။

ဦးထုပ်လေးဆောင်းပြီး mask တပ်ထားရင် ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ မျက်နှာသိပ်မပေါ်ပေမယ့် ချစ်ဖို့ကောင်းပါတယ်။

ဒါကတော့ အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတဲ့ ပို့စ်ပေးနည်းပါပဲ။ Mask တပ်ထားရင် ဒါမျိုးလေးလည်းလုပ်ပြီး ရိုက်ကြည့်ပါ။

photo source:www.pinterest.com