မိန်းကလေးတွေအတွက် ပန်းပင်လေးတွေနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ လှနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ပန်းပင်က အမြင့်မှာ ပန်းပွင့်နေတာဆိုရင် အပင်နဲ့ နည်းနည်းအဝေးမှာရပ်ပြီး ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။

ပန်းပင်နားကပ်ပြီး တစ်စောင်းရပ်ပြီး ဒီလိုလေးပို့စ်ပေးတာလည်း အရမ်းလှပြီး ဆွဲဆောင်မှုရှိပါတယ်။

ပန်းရုံကြားထဲဝင်ပြီး ဒီလိုလေးပို့စ်ပေးရိုက်တာလည်း အရမ်းလှပါတယ်။ portrait ကို သေချာချိန်ရိုက်ရင် ပိုပြီးလှမှာပါ။

ပန်းပင်လှလှလေးမြင်ရင် ဒီလိုနောက်ကျောပုံလေးတွေလည်း ရိုက်ဖြစ်အောင်ရိုက်ကြည့်ပါ။ အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ မျက်နှာမမြင်ရပေမယ့် လှတဲ့ပုံကောင်းလေးတွေ ရစေပါတယ်။

ကိုယ်နောက်ခံထားရိုက်မယ့် ပန်းပင်လေးတွေကနိမ့်နေရင် ဒီလိုလေးထိုင်ပြီး ပို့စ်ပေးလို့ရပါတယ်။

ပို့စ်သိပ်မပေးတတ်လည်း မပူပါနဲ့။ ဒီလိုအရှေ့တည့်တည်ရပ်နေတဲ့ ပုံလေးကိုသာ အနီးကပ်ရိုက်ကြည့်ပါ။ လှတဲ့ပုံကောင်းလေး ရလာပါလိမ့်မယ်။

ဒီပို့စ်လေးဆိုရင် ခပ်မိုက်မိုက်ပုံစံလေးနဲ့ ဆွဲဆောင်မှုရှိပြီး ချစ်ဖို့ကောင်းစေပါတယ်။

စက္ကူပန်းပင်လေးတွေနဲ့ရိုက်မယ်ဆိုရင် portrait နဲ့ ဒီလိုလေး ရိုက်ဖြစ်အောင်ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

ပန်းပင်နဲ့နည်းနည်းလှမ်းတဲ့နေရာမှာရပ်ပြီး ဒီလိုလေးရယ်နေတဲ့ပုံကို ရိုက်ကြည့်ပါ။ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။

ပန်းပင်တွေရှေ့မှာရပ်ပြီး ဒီလိုလေးဆံပင်သပ်နေတဲ့ပုံကို portrait ရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

ကိုယ်ရိုက်မယ့်အပင်က ပန်းနည်းနေလည်းမပူပါနဲ့။ ပန်းရှိတဲ့နေရာလေးကိုပဲရွေးနေပြီး ဒီလိုလေးပို့စ်ပေးကြည့်လိုက်ပါ။

photo source:www.pinterest.com