ကားပေါ်မှာဓာတ်ပုံရိုက်မယ့် ကောင်မလေးတွေအတွက် ဘယ်လိုတွေအထာကျကျ ပို့စ်ပေးရမလဲ၊ ချစ်ဖို့ကောင်းအောင် ဘယ်လိုပို့စ်ပေးရမလဲဆိုတဲ့ အိုင်ဒီယာရသွားအောင် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ခရီးသွားတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ ရှုခင်းလှတဲ့နေရာမျိုးကိုရောက်ရင် အပြင်ထွက်ပြီး ကားပေါ်မှာ ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ အရမ်းလှပါတယ်။

ကားထဲကနေ အပြင်ကိုဓာတ်ပုံရိုက်နေတဲ့ပုံစံလေးလည်း ပို့စ်ပေးပြီးရိုက်ကြည့်ပါ။ တစ်မျိုးလေးဆန်းပြီး ချစ်ဖို့ကောင်းပါတယ်။

ကော်ဖီခွက်လေးပဲဖြစ်ဖြစ်၊ Bubble tea ခွက်လေးပဲဖြစ်ဖြစ် ကိုင်ပြီး ဒီလိုလေးရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

သူများနဲ့မတူပဲ အထာကျကျရိုက်ချင်ရင်တော့ ဒီလိုလေးပို့စ်ပေးပြီးသာရိုက်ကြည့်ပါ။ အထာကျပြီး အရမ်းမိုက်ပါတယ်။

ဖက်ရှင်အလန်းစားဝတ်ပြီး ဒီလိုပုံစံလေးလည်းရိုက်ကြည့်ပါ။ လုံးဝကိုချေမိုးနေတဲ့ပုံစံလေးနဲ့ အရမ်းမိုက်ပါတယ်။

ကားပေါ်မှာထိုင်ရိုက်ဖို့ ဘယ်လိုနေရမှန်းမသိရင် ဒီလိုပုံစံလေးသာပို့စ်ပေးပါ။ Over ဖြစ်မနေပဲ မိုက်တဲ့ပုံစံလေး ဖြစ်စေပါတယ်။

မျက်မှန်ပါရင် ကားပေါ်မှာ ဒီလိုပို့စ်လေးလုပ်ပြီး ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို၊ မိုက်လည်းမိုက်တဲ့ ပုံကောင်းလေးထွက်လာမှာပါ။

ကားထဲမှာချည်းပဲမရိုက်ပဲ ကားနောက်ခန်းမှာလည်း ဒီလိုလေးရိုက်လို့ရပါသေးတယ်။ ပို့စ်ကောင်းကောင်းမပေးတတ်ရင် ဒီလိုလေးသာပို့စ်ပေးကြည့်ပါ။ လွယ်ပါတယ်။

ကားတံခါးဖွင့်ပြီး ဒီလိုပုံစံလေးလည်း ရိုက်ကြည့်ပါ။ အထာကျပြီးမိုက်တဲ့ပုံစံလေး ဖြစ်စေပါတယ်။

ကားပေါ်မှာ ဒူးတစ်ဖက်ထောင်ပြီး ဒီလိုလေးပို့စ်ပေးကြည့်ပါ။ လုပ်ရတာအရမ်းလွယ်တဲ့ ပို့စ်ဖြစ်ပြီး ပုံထွက်လည်းလှစေပါတယ်။

photo source:www.pinterest.com