ဓာတ်ပုံရိုက်ရတာဝါသနာပါပေမယ့် pose တော့သိပ်မပေးတတ်တဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ cute type မဟုတ်ပဲ ဆွဲဆောင်မှုရှိပြီး လှနေစေမယ့် photo pose idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အရမ်းခက်ခဲတဲ့ pose တွေမဟုတ်လို့ try ကြည့်ဖို့ အဆင်ပြေမှာပါ။ ဓာတ်ပုံရိုက်တဲ့အခါ ဘယ်လိုရိုက်ရမလဲ ဘယ်လို pose ပေးရမလဲဆိုတာကိုလည်း တကူးတကစဉ်းစားနေစရာမလိုအောင် ဒီ pose လေးတွေအတိုင်းသာ ရိုက်ကြည့်လိုက်တော့နော်။

ဝိုင်ခွက်၊ အရက်ခွက်လေးတွေ ကိုင်ပြီးရိုက်မယ်ဆိုရင် ဒီ pose လေးအတိုင်း try ကြည့်ပါ။ ဆွဲဆောင်မှုရှိစေပါတယ်။

လက်ထောက်စရာနေရာလေးရှိတာနဲ့ ဒီလိုလေးတွေ pose ပေးရိုက်ကြည့်နော်။ မျက်နှာထားကိုသာ သေချာလေးလုပ်တတ်ရင် ဆွဲဆောင်မှုရှိပြီး အရမ်းလှနေမှာပါ။

ကမ်းခြေမှာပုံရိုက်ဖြစ်တဲ့အခါ ကင်မရာမကြည့်ချင်ရင် ဒီလိုလေး pose ပေးကြည့်ပါ။ ဆွဲဆောင်မှုလည်းရှိသလို လှလည်းလှပါတယ်။

ကင်မရာကြည့်ရိုက်လည်း ရတယ်ဆိုရင်တော့ ကမ်းခြေက ခုံတန်းလျားမှာထိုင်ပြီး ဒီလိုလေး pose ပေးကြည့်ပါ။ မျက်နှာထားကို တည်တည်ပဲထားပါ။ ဆွဲဆောင်မှုရှိပြီးလှတဲ့ ပုံကောင်းတစ်ပုံရလာမှာ သေချာပါတယ်။

အိမ် (သို့) hotel မှာ ရိုက်လို့ကောင်းတဲ့ ပုံလေးပါ။ ဆံပင်ကအစ ဒီလိုလေးပဲပြင်ဆင်ပြီး ဒီ pose လေးအတိုင်း try ကြည့်ပါ။ ဆွဲဆောင်မှုရှိရှိနဲ့ လှနေမှာနော်။

ဆံပင်ရှည်တဲ့ကောင်မလေးတွေ body fit dress လေးတွေဝတ်ပြီး ရိုက်ဖြစ်တဲ့အခါမှာ အသုံးဝင်စေမယ့် pose လေးပါ။ ဆွဲဆောင်မှုအပြည့်ရှိပြီး အရမ်းလှပါတယ်။

လွယ်ကူတဲ့ pose လေးဖြစ်ပေမယ့် ဆွဲဆောင်မှုရှိပြီး လှနေစေမယ့် pose လေးပါ။ ဒါကြောင့် ဒီ pose လေးကိုလည်း try ကြည့်နော်။

Bar မှာ ညဘက်ရှုခင်းနဲ့ရိုက်ရင် ဆွဲဆောင်မှုရှိပြီး အရမ်းလှနေစေမယ့် pose လေးပဲဖြစ်ပါတယ်။

အထာကျကျ အမိုက်စားဖက်ရှင် hot တာလေးတွေ ဝတ်ထားတဲ့အခါမှာတော့ ဒီ pose ကို try ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး လှတာပါပဲ။