ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ မိန်းကလေးတွေထဲမှာမှ Cute Type မကြိုက်ဘူး၊ အထာကျတာမျိုး၊ မိမိုက်နေတာမျိုးတွေပဲ ကြိုက်တယ်ဆိုတဲ့ မိန်းကလေးတွေအတွက် ဆွဲဆောင်မှုရှိပြီး အထာကျကျနဲ့မိုက်နေစေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

ညဘက်ရိုက်တဲ့အခါ အပေါ်စီးကနေရိုက်ပြီး ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး မိုက်ပါတယ်။

နောက်တစ်မျိုး ဒီလိုလေးလည်း ပို့စ်ပေးလို့ရပါသေးတယ်။ သူများနဲ့မတူပဲ ဆွဲဆောင်မှုရှိပြီး လှနေမယ့် ပို့စ်မျိုးပါ။

ဓာတ်ပုံရိုက်တဲ့အခါ လက်နှစ်ဖက်ကို ဘယ်နားထားရမှန်းမသိဘူး၊ ဘယ်လိုပို့စ်ပေးရမှန်း မသိဘူးဆိုတဲ့သူတွေအတွက် အသုံးဝင်စေမယ့် ပို့စ်လေးတွေပါ။ ဆွဲဆောင်မှုရှိပြီး အထာကျကျနဲ့ လှပါတယ်။

အမိုက်စားဖက်ရှင်တွေဝတ်ပြီး ထိုင်ရိုက်မယ်ဆိုရင် ဒီပို့စ်လေးတွေက အသုံးဝင်မှာပါ။ ဆွဲဆောင်မှုရှိပြီး အထာကျကျနဲ့ အရမ်းမိုက်ပါတယ်။

ဆွဲဆောင်မှုရှိပြီးအထာကျနေစေမယ့် ပို့စ်လေးပါ။ လုပ်ရတာလည်း လွယ်ကူပါတယ်။

မိန်းကလေးဆန်ဆန်၊ လှလှပပလေး ဝတ်ထားတဲ့အခါ ဒီလိုလေးပို့စ်ပေးကြည့်နော်။ ဆွဲဆောင်မှုရှိပြီး မိုက်လည်းမိုက်သလို လှလည်းလှပါတယ်။

နောက်ကျောအလှအင်္ကျီတွေဝတ်တဲ့အခါမှာ ဒီလိုလေးတွေပို့စ်ပေးရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး အရမ်းလှပါတယ်။

ဒီတိုင်းပဲထိုင်ရိုက်တာတောင်မှ ဆွဲဆောင်မှုရှိနေစေမယ့် ပို့စ်ပါ။ အဓိကကတော့ မျက်နှာထားနဲ့ ထိုင်တဲ့ပုံစံပါ။

လှေကားမှာရိုက်တဲ့အခါ သူများနဲ့မတူအောင် အရမ်းမိုက်ပြီး ဆွဲဆောင်မှုရှိနေစေမယ့် ပို့စ်တွေ ဖြစ်ပါတယ်။ အဓိကက ဖက်ရှင်နဲ့လည်း ဆိုင်ပါတယ်။ ဖက်ရှင်ကိုသာ သေချာလေးဝတ်ပြီး ရိုက်မယ်ဆိုရင် အရှေ့ကရိုက်လည်းလှသလို အနောက်ဘက်ကရိုက်လည်း အရမ်းလှနေမှာ သေချာပါတယ်။