ဆိုင်ထိုင်ပြီးတော့ အရှေ့ကနေရိုက်ပေးတဲ့ Front View ပုံလေးတွေ ရိုက်တဲ့အခါမှာ ပို့စ်သိပ်မပေးတတ်ဘူးဆိုတဲ့သူတွေအတွက် အသုံးဝင်စေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီပို့စ်လေးဆိုရင် Date လုပ်တဲ့အခါမှာ ကိုယ့်ကောင်လေးရိုက်ပေးတာမျိုးဆို အရမ်း Ro ပြီး လှနေမှာပါ။

အရမ်းလွယ်ကူတဲ့ပို့စ်လေးပါ။ မျက်နှာလေးပေါ်လွင်ပြီး ရိုးရိုးလေးနဲ့ လှနေမှာပါ။

ချစ်ဖို့ကောင်းအောင်ရိုက်ချင်ရင်တော့ ဒီပို့စ်လေးကို Try ကြည့်နော်။

မေးထောက်ပြီးပဲရိုက်ရတာရိုးလာရင် ဒါမျိုးလေးလည်း ရိုက်လို့ရပါသေးတယ်။ လွယ်ကူပြီး လှပတဲ့ပို့စ်လေးပါပဲ။

မျက်နှာထားကို သေချာလေးလုပ်တတ်ရင် ဒီလိုလေး မျက်စိမှိတ်ပြနေတဲ့ပုံလေး ရိုက်ကြည့်နော်။

ကော်ဖီသောက်နေရင်းနဲ့ ဒီလိုပုံလေးရိုက်ပြီး Coffee Date ဆိုတဲ့ Caption လေးနဲ့တင်ရင် အရမ်းလိုက်ဖက်တဲ့ ပို့စ်လေးပါ။

ကောင်လေးနဲ့ Date လုပ်တဲ့အခါမှာ လှပပြီးဆွဲဆောင်မှုရှိနေစေမယ့် ပို့စ်လေးဖြစ်ပါတယ်။

ကောင်လေးနဲ့ Date တဲ့အခါမှာ ရိုက်လို့ရတဲ့ နောက်ထပ်ပို့စ်လေးပါ။ ချစ်ဖို့ကောင်းပါတယ်။

ဘယ်လိုပို့စ်ပေးရမှန်းမသိရင် လက်ကိုဘယ်နားထားရမှန်းမသိဘူး ဖြစ်နေရင် မှာထားတဲ့အစားအသောက်လေးတွေကို ဒါမျိုးကိုင်ပြီးတော့လည်း ရိုက်လို့ရသေးတယ်နော်။

လက်ထဲမှာတူရှိရုံနဲ့ ရိုက်လို့ရမယ့် ပို့စ်လေးပါပဲ။ ချစ်ဖို့လည်းကောင်းပါတယ်။

လှလှပပ Front View ပုံလေးတွေရိုက်တဲ့အခါမှာ အသုံးဝင်မယ့် ပို့စ်ပေးနည်းလေးတွေပါ။ နောက်ခံရှုခင်းလှရင် ပိုပြီးလှတဲ့ပုံကောင်းလေးတွေ ထွက်လာမှာသေချာပါတယ်။

Photo source:www.pinterest.com