ဘယ်နေရာမှာပဲဖြစ်ဖြစ် ထိုင်ပြီးဓာတ်ပုံရိုက်တဲ့အခါမှာ အမြဲတမ်းလှပနေစေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်တဲ့အခါ အရမ်းအသုံးဝင်စေမယ့်အပြင် ပုံလှလှလေးရရှိစေမှာ သေချာပါတယ်။

ထိုင်ခုံလေးမှာ ထိုင်ရိုက်တဲ့အခါ ခြေထောက်ထားတဲ့ပုံစံက အရေးကြီးပါတယ်။ ခြေထောက်ထားပုံမလှရင် ဓာတ်ပုံရိုက်ရတာ အဆင်မပြေပါဘူး။ ဒါကြောင့် ဒီပို့စ်လေးတွေက အရမ်းအသုံးဝင်ပါလိမ့်မယ်။ ဖက်ရှင်ကျလှပနေစေမယ့် ပို့စ်အိုင်ဒီယာလေးတွေပါ။

ခုံအမြင့်မှာ ထိုင်ရိုက်တဲ့အခါမှာတော့ ဒီပို့စ်လေးက စမတ်ကျပြီး အရမ်းလှနေစေမှာပါ။

ကျော့ရှင်းလှပနေစေမယ့် ပို့စ်ပေးနည်း အိုင်ဒီယာလေးတွေပါ။ ဒီလိုပို့စ်လေးတွေအတိုင်းလည်း သေချာပေါက်ရိုက်ကြည့်ဖို့ မမေ့နဲ့နော်။

ဒေါက်ဖိနပ်စီးထားတဲ့အခါ ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကို ပေါ်လွင်စေပြီး လှပနေစေမှာ သေချာပါတယ်။

အထာကျကျဖက်ရှင်လေးတွေ ဝတ်ထားပြီး ထိုင်စရာခုံလည်း မရှိဘူးဆိုရင်တော့ ဒီပို့စ်လေးအတိုင်းသာ ပို့စ်ပေးကြည့်လိုက်ပါ။ လှလည်းလှသလို မိုက်လည်းမိုက်ပါတယ်။

View လှတဲ့အခါ ဂါဝန်အရှည်လေးနဲ့ ဒီပို့စ်လေးနဲ့က အရမ်းလိုက်ဖက်ပြီး လှပနေတာပါပဲ။ ဆွဲဆောင်မှုလည်း ရှိစေပါတယ်။

အောက်မှာဒီတိုင်းထိုင်ရိုက်မယ်ဆိုရင်လည်း ခြေထောက်ထားပုံထားနည်းနဲ့ ခန္ဓာကိုယ်အနေအထားက အရေးကြီးပါတယ်။ ဒါကြောင့် ဒီပို့စ်လေးကိုလည်း Try ပြီးရိုက်ကြည့်နော်။

ဆိုင်ကယ်ပေါ်မှာ ထိုင်ရိုက်မယ်၊ ဆိုင်ကယ်နဲ့ရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးက အသုံးဝင်ပါလိမ့်မယ်။ အထာကျပြီးလှပါတယ်။

ဆိုဖာခုံတွေမှာထိုင်ရိုက်တဲ့အခါ ဆွဲဆောင်မှုရှိတာမျိုးလေး ရိုက်ချင်ရင်တော့ ဒီပို့စ်လေးကို Try ကြည့်ပါ။

ခုံတန်းရှည်လို ဆိုဖာမျိုးဆိုရင် ဒီလိုလေးပို့စ်ပေးရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး အရမ်းလှနေမှာ သေချာပါတယ်။