ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေနဲ့ ဖက်ရှင်ကျကျပုံစံလေးတွေ လိုချင်တဲ့ ကောင်မလေးတွေအတွက် ထိုင်ပြီးဓာတ်ပုံရိုက်တာတောင်မှ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကို ပေါ်လွင်နေစေမယ့် ပို့စ်ပေးနည်း အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

ဒီပို့စ်လေးဆိုရင် ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ကိုလည်း ပေါ်လွင်စေသလို ချစ်ဖို့လည်းကောင်းပါတယ်။

မိန်းကလေးဆန်ဆန်လေး ဝတ်ထားတဲ့အခါမှာတော့ လှပကြော့ရှင်းတဲ့ပုံစံလေးရအောင် ဒီလိုလေးထိုင်ပြီး ပို့စ်ပေးကြည့်နော်။ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်ကိုလည်း ပေါ်လွင်စေပါတယ်။

လူငယ်ကောင်မလေးတွေကြားမှာရေပန်းစားတဲ့ ပို့စ်လေးဖြစ်ပြီး ဝတ်ထားတဲ့ဖက်ရှင်ကိုလည်း ပေါ်လွင်စေပါတယ်။

ခုံအနိမ့်လေးမှာ ထိုင်ရိုက်တဲ့အခါမှာတော့ ဒီလိုလေးထိုင်ရိုက်ကြည့်နော်။ အမြင်တစ်မျိုးဆန်းပြီး ချစ်ဖို့ကောင်းသလို ဖက်ရှင်ကိုလည်း ပေါ်လွင်စေပါတယ်။

အမြင့်နေရာလေးမှာ ထိုင်ရိုက်မယ်ဆိုရင်တော့ ဒီလိုလေးပို့စ်ပေးကြည့်နော်။ လှလည်းလှသလို ဖက်ရှင်ကိုလည်း ပိုပြီးပေါ်လွင်စေပါတယ်။

မြက်ခင်းပြင်မှာထိုင်ရိုက်တဲ့အခါ ပိုက်ဆံအိတ်လေးဘေးချပြီး ဒီလိုပို့စ်ပေးကြည့်ပါ။ ဖက်ရှင်ပေါ်လွင်ပြီး အမြင်တစ်မျိုးလေး ဆန်းစေပါတယ်။

ချစ်ဖို့ကောင်းသလို ဖက်ရှင်အားလုံးလည်း ပေါ်လွင်စေမယ့် ပို့စ်အိုင်ဒီယာလေးပါပဲ။

ခုံမှာ ဒီလိုလေးထိုင်ရိုက်တာက ချစ်ဖို့လည်းကောင်းသလို ခေါင်းအစခြေအဆုံး ဖက်ရှင်အားလုံးလည်း ပေါ်လွင်စေပါတယ်။

လှေကားမှာထိုင်ရိုက်တဲ့အခါ အသုံးဝင်စေမယ့် ပို့စ်ပေးနည်းလေးပါ။ ကိုယ်ဝတ်ထားတဲ့ဖက်ရှင်အားလုံး အိတ်ပါမကျန်အောင် ပေါ်လွင်စေပါတယ်။ လှလည်းလှတဲ့ပို့စ်လေးပါ။

Freestyle ပုံစံလေးနဲ့ချစ်ဖို့ကောင်းပြီး ကိုယ့်ဖက်ရှင်ကိုလည်း ပေါ်လွင်စေမယ့် ပို့စ်အိုင်ဒီယာလေးဖြစ်ပါတယ်။