ဓာတ်ပုံရိုက်တဲ့အခါ ပုံလှလှလေးတွေ ရဖို့ဆိုရင် ပို့စ်ကအဓိကပါပဲ။ ဒါကြောင့် ဒီတစ်ခါမှာတော့ မြက်ခင်းပေါ်မှာ ဓာတ်ပုံရိုက်ဖြစ်တဲ့အခါ ပုံလှလှလေးတွေရအောင် အသုံးဝင်စေမယ့် ပို့စ်ပေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

မြက်ခင်းပေါ်မှာ ထိုင်ရိုက်တဲ့အခါ ဂါဝန်လေးနဲ့ Portrait ရိုက်မယ်ဆိုရင် ဒီပုံလေးအတိုင်း ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

မျက်နှာမပေါ်တဲ့ပုံလေး ရိုက်ချင်တယ်ဆိုရင် ဒီလိုလေးရိုက်ပါ။ ချစ်ဖို့ကောင်းပါတယ်။ ဂါဝန်လေးဝတ်ပြီး ရိုက်ရင်တော့ ပိုချစ်ဖို့ကောင်းမှာပါ။

မြက်ခင်းပြင်မှာရိုက်တဲ့အခါ ဒီလိုလေးရိုက်ရင် သေချာပေါက် ပုံလှလှလေး ထွက်လာမှာပါ။

ပန်းကိုင်ပြီးတော့ ရိုက်မယ်ဆိုရင် အသုံးဝင်စေမယ့် ပို့စ်ပေးနည်းတွေပါ။ မြက်ခင်းပြင်မှာ ထိုင်ရိုက်တော့ အရောင်စိုစိုလေးနဲ့ ပိုပြီးလှသွားစေပါတယ်။

Picnic ထွက်သလိုလေး ရိုက်မယ်ဆိုရင် အခင်းလှလှလေးခင်းပြီး ထိုင်ရိုက်တဲ့အခါ ကောင်းကင်ပါအောင်ရိုက်ကြည့်ပါ။ ပိုပြီးလှတဲ့ ပုံကောင်းလေး ထွက်လာပါလိမ့်မယ်။

Picnic ထွက်တဲ့ပုံလေးတွေရိုက်ရင် ထိုင်ပြီးပဲရိုက်ရတာ ရိုးလာပြီဆိုရင် ဒီလိုလှဲပြီး ရိုက်ကြည့်ပါ။ မိန်းကလေးဆန်ဆန် သေချာလေးပြင်ဆင်ပြီးရိုက်ရင် ပိုလှမှာပါ။

မြက်ခင်းပြင်မှာ ကိုယ့်ရဲ့ ခွေးလေး၊ ကြောင်လေးတွေနဲ့ ဒီလိုအထာကျကျလေး ရိုက်လို့လည်း ရပါသေးတယ်။ သူများထက်ဆန်းပြီးလှတဲ့ ပုံကောင်းလေးထွက်လာမှာ သေချာပါတယ်။

လူငယ်ကောင်မလေးတွေအတွက် ချစ်ဖို့ကောင်းအောင် ဒီလိုလေး ထိုင်ရိုက်လို့လည်း ရပါတယ်။

မြက်ခင်းပြင်မှာ ဒီလို Aesthetic ဆန်ဆန်လေးတွေလည်း ရိုက်ကြည့်ပါ။ လှလည်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

မြက်ခင်းပြင်မှာ ထိုင်ရိုက်တဲ့အခါ Happy Vibe လေးနဲ့ ချစ်ဖို့ကောင်းအောင် ဒီလိုပို့စ်လေးတွေလည်း ရိုက်ကြည့်ပါ။

Photo source:www.pinterest.co,