ဓာတ်ပုံရိုက်ရတာ အရမ်းဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ ကားပေါ်မှာ ဓာတ်ပုံရိုက်တဲ့အခါ ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်းအိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။

အပြင်ကိုကြည့်နေတဲ့ပုံစံလေးကို ဒီလိုပို့စ်ပေးပြီး ရိုက်ခိုင်းပါ။ View လှရင်လှသလို အရမ်းလှတဲ့ ပုံကောင်းတစ်ပုံ ထွက်လာပါလိမ့်မယ်။ မျက်နှာမပါပေမယ့် ချစ်ဖို့ကောင်းတဲ့ပုံစံလေး ရစေပါတယ်။

ကားမောင်းနေတဲ့ပုံစံလေးကိုလည်း ဒီလိုလေးပို့စ်ပေးပြီး ရိုက်ခိုင်းကြည့်ပါ။ အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။

တံခါးဖွင့်ပြီး ဒီလိုလေးထိုင်ကာ ပို့စ်ပေးကြည့်ပါ။ ဦးထုပ်ဆောင်းထားရင်တော့ ပိုပြီး perfect ဖြစ်ပြီး ချစ်ဖို့ကောင်းနေမှာပါ။

ကားပေါ်မှာ ပြတင်းပေါက်ကနေ ဒီလိုလေးပို့စ်ပေးပြီး ရိုက်ကြည့်ပါ။ ဒီလိုမျိုးရိုက်တဲ့သူ ရှားတာကြောင့် ခွေးလေးတွေ၊ ကြောင်လေးတွေရှိရင် တစ်ခါလောက်တော့ ရိုက်ကြည့်သင့်ပါတယ်။

ကားနောက်ခန်းမှာ ထိုင်ရိုက်မယ်ဆိုရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။ Road Trip လေးတွေသွားရင် ပိုတောင်ရိုက်လို့ကောင်းပါသေးတယ်။

ဒီလိုပို့စ်လေးဆိုရင် လျှပ်တစ်ပြတ်ပုံစံလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာကြောင့် ရိုက်ကြည့်သင့်ပါတယ်။

ပို့စ်မပေးတတ်လည်း မပူပါနဲ့။ ဒီလိုလေးပဲနေပြီး ရိုက်ခိုင်းလိုက်ပါ။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

လက်ထဲမှာ ကော်ဖီခွက် (သို့) အအေး Bubble Tea ခွက်လေးတွေကိုင်ပြီး ဒီလိုလေးပို့စ်ပေး ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။

ကားပေါ်မှာမဟုတ်ပဲ ကားပေါ်တက်ခါနီး ဒီလိုလေးလည်း ပို့စ်ပေးကြည့်ပါ။ Snap ပုံစံလေးနဲ့ ပိုတောင်သဘာဝကျပါသေးတယ်။ ရိုက်ပေးတဲ့သူသာ သေချာချိန်ရိုက်ပေးရင် အရမ်းလှတဲ့ ပုံကောင်းတစ်ပုံ ထွက်လာမှာပါ။

Photo source:www.pinterest.com