ဓာတ်ပုံရိုက်ရတာသဘောကျတဲ့ မိန်းကလေးတွေအတွက် ထိုင်း Model, Actress လေးဖြစ်တဲ့ Kapook ရဲ့ Photo Pose Idea တချို့ကို မျှဝေပေးလိုက်ပါတယ်။

ကိုယ်ဝတ်ထားတဲ့ဖက်ရှင်ပေါ်လွင်ပြီး အထာကျကျနဲ့လှတဲ့ Pose လေးပါ။

ဘောင်းဘီလေးဝတ်ထားတဲ့အချိန် ခုံမှာထိုင်ရိုက်မယ်ဆိုရင် ဒီလိုလေး Pose ပေးရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

အထာကျကျနဲ့မိုက်နေစေမယ့် Pose လေးပါ။ အဓိကကတော့ မျက်နှာထားက အသက်ပါပဲ။

ကော်ဖီဆိုင်တွေမှာ အနီးကပ်ပုံတွေရိုက်ရတာ ရိုးလာရင် ဒီလိုလေးထိုင်ပြီး အဝေးကနေ ရိုက်ခိုင်းနော်။ တစ်မျိုးလေးဆန်းပြီးလှပါတယ်။

မိန်းကလေးဆန်ဆန်လေးဝတ်ပြီး လှလှပပလေး ပြင်ဆင်ထားတဲ့အခါမှာတော့ ဒီလိုလေး Pose ပေးရိုက်ကြည့်ပါ။

ဒီလို Pose လေးဆိုလည်း လှလည်းလှသလို မိုက်လည်းမိုက်ပါတယ်။ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်ကိုလည်း ပိုပြီးပေါ်လွင်စေပါတယ်။

နောက်ကျောအလှအင်္ကျီလေးတွေ ဝတ်ထားတဲ့အခါမှာတော့ ဒီလိုပုံစံလေးတွေ Pose ပေးရိုက်ကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး လှပါတယ်။

Body Fit Dress လေးဝတ်ထားတဲ့အခါ ဒေါက်ဖိနပ်လေးစီးပြီး ဒီလိုလေး Pose ပေးကြည့်ပါ။ ဆွဲဆောင်မှုရှိပြီး လှပါတယ်။

ဆိုဖာပေါ်လက်တင်ပြီး ဒီလိုလေး Pose ပေးတာလည်း ဆွဲဆောင်မှုရှိပြီး လှပါတယ်။ Lighting ကောင်းတဲ့နေရာလေးမှာသာ ရွေးရိုက်ပါ။

မိန်းကလေးဆန်ဆန်လေးပြင်ဆင် ဝတ်စားထားပြီး အနီးကပ်ရိုက်တဲ့အခါမှာတော့ ဒီ Pose လေးတွေက အသုံးဝင်ပါတယ်နော်။ လှလည်းလှပါတယ်။

Photo source:www.pinterest.com