ဓာတ်ပုံရိုက်တဲ့အခါမှာ ပို့စ်သိပ်မပေးတတ်တဲ့ ကောင်မလေးတွေအတွက် အဆင်ပြေမယ့် ပို့စ်အိုင်ဒီယာတွေကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာခက်ခဲတဲ့ ပို့စ်တွေမဟုတ်တာကြောင့် လိုက် Try ကြည့်မယ်ဆိုရင် အဆင်ပြေမှာပါ။

ဆိုင်ပြီးထိုင်ပြီးရိုက်တဲ့အခါ ရိုက်ပေးတဲ့သူက ဝေးဝေးကနေရိုက်ပေးပါ။ ဒီလိုလေးထိုင်ပြီး ပို့စ်ပေးရတာက လုပ်ရတာလွယ်ကူပြီး လွတ်လပ်ပေါ့ပါးတဲ့ ပုံစံလေး ဖြစ်ပါတယ်။

ပို့စ်သိပ်မပေးတတ်တဲ့ ကောင်မလေးတွေအတွက် အဆင်အပြေဆုံးနဲ့ အလွယ်ကူဆုံးကနေ မေးထောက်တဲ့ပို့စ်လေးတွေပါပဲ။

ဒီလိုလေးထိုင်ရိုက်တဲ့အခါ လက်ဘယ်လိုလုပ်ရမှန်းမသိရင် လက်ပိုက်နေလိုက်ရုံပဲနော်။ ခြေထောက်လေးကိုလည်း ချိတ်ပြီးထိုင်ပါ။ ဒါဆို ပိုပြီးလှသွားမှာပါ။

ဒူးတစ်ဖက်ထောင်ပြီး ဒီလိုလေးပို့စ်ပေးရိုက်တာကလည်း လွတ်လပ်ပေါ့ပါးတဲ့ ပုံစံလေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

ဒီလိုလေးလည်း ပို့စ်ပေးလို့ရပါသေးတယ်။ ရိုက်ပေးတဲ့သူသာ သေချာရိုက်တတ်ရင် အရမ်းလှတဲ့ ပုံကောင်းလေး ထွက်လာမှာပါ။

ဒီလိုပုံစံလေးနဲ့ထိုင်ပြီးပို့စ်ပေးတာလည်း လွယ်ကူပါတယ်။ လက်ပြင်မကုန်းပဲ မတ်မတ်လေးဖြစ်နေဖို့ပဲ အရေးကြီးပါတယ်။

ဘယ်လိုပို့စ်ပေးရမှန်းမသိရင် ဆံပင်သပ်တဲ့နေတဲ့ပုံလေးနဲ့ ဒီလိုလေး ပြုံးပြီးသာ ပို့စ်ပေးလိုက်ပါ။

လှလှပပလေး ပြင်ဆင်ထားပြီး ထိုင်စားသောက်တဲ့အခါမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် ဒီလိုလေးနေပြီး ပို့စ်ပေးကြည့်နော်။ အရမ်းလှတဲ့ပုံလေး ထွက်လာပါလိမ့်မယ်။

မေးထောက်တဲ့နောက်ထပ်ပို့စ်လေးပါ။ သူကတော့ အရမ်းအနီးကပ်မဟုတ်တဲ့အတွက် ခြေထောက်ချိတ်ပြီးထိုင်ဖို့ လိုပါတယ်။

လမ်းမမှာ ဒီလိုလေး ငုတ်တုတ်ထိုင်တဲ့ပုံလေးလည်း ရိုက်ကြည့်ပါ။ ချစ်ဖို့ကောင်းပါတယ်။