ကောင်မလေးတွေအတွက် coffee ဆိုင်တွေသွားပြီး သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ်၊ ကောင်လေးနဲ့ပဲဖြစ်ဖြစ် coffee date ဖြစ်တဲ့အခါမှာ ဓာတ်ပုံရိုက်ရင် pose ပေးဖို့အတွက် pose idea လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရင် ရုတ်တရက် pose စဉ်းစားမရတဲ့အခါ ဒီပုံလေးတွေကြည့်ပြီး pose ပေးရိုက်ကြည့်လိုက်နော်။

မျက်နှာအပြည့်မပေါ်ချင်တဲ့အခါမှာပဲဖြစ်ဖြစ်၊ coffee ခွက်လေးတွေကိုင်ပြီး ရိုက်ချင်တဲ့အခါမှာပဲဖြစ်ဖြစ် ဒီ pose လေးတွေအတိုင်း ရိုက်ကြည့်ပါ။ လှလည်းလှပါတယ်။

Coffee ဆိုင်မှာ freestyle ပုံစံလေးနဲ့ တစ်ကိုယ်လုံးပါအောင် ရိုက်ချင်တယ်၊ fashion ပေါ်လွင်အောင် အထာကျကျပုံစံလေးလည်း ရိုက်ချင်တယ်ဆိုရင်တော့ ဒီ pose လေးတွေအတိုင်းသာ ရိုက်ကြည့်ပါ။ လူငယ်လည်းဆန်ပါတယ်။

Freestyle ပုံစံလေးနဲ့ လွတ်လပ်ပေါ့ပါးပြီး မိုက်တဲ့ပုံစံ၊ အထာကျကျပုံစံလေး ရစေမယ့် pose လေးပါ။ ဘောင်းဘီအရှည်လေးတွေဝတ်ထားရင် ဒီ pose လေးအတိုင်းလည်း ရိုက်ဖြစ်အောင်ရိုက်ကြည့်နော်။

ဒီ pose လေးကတော့ ချစ်ဖို့ကောင်းတဲ့ look မျိုးရစေမှာပါ။ coffee ခွက်လေးလည်း ကိုင်ရိုက်ထားတာဆိုတော့ ဓာတ်ပုံရိုက်ရင် လက်ဘယ်နားထားရမလဲ မသိတာမျိုးလည်း မဖြစ်တော့ဘူးပေါ့။

ဒီ pose လေးကတော့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းတဲ့ပုံစံလေးပါ။ ကင်မရာမကြည့်ပဲရိုက်ရင် ဒီလိုလေးရိုက်ကြည့်နော်။

ကောင်လေးနဲ့ coffee date တဲ့အခါမှာရိုက်လို့ကောင်းတဲ့ pose idea လေးပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

ကောင်လေးနဲ့ coffee တူတူသောက်ဖြစ်တဲ့အခါမှာ ရိုက်ဖို့အတွက် နောက်ထပ် pose နဲ့ ဓာတ်ပုံရိုက်နည်း idea လေးပဲ ဖြစ်ပါတယ်။

ဒီ pose လေးကျတော့ pose မပေးတတ်တဲ့သူတွေအတွက် အရမ်းအဆင်ပြေမှာပါ။ ရိုးရိုးလေးနဲ့လှပါတယ်။

နောက်တစ်မျိုးအနေနဲ့ coffee date မှာ ဒီလို pose လေးလည်း ရိုက်လို့ရသေးတယ်နော်။