နည်းပညာ၊ လူ့အသိုင်းအဝိုင်း နဲ့ ယဥ်ကျေးမှုတို့ဟာ ၂၁ ရာစုခေတ်မှာ အရမ်း မြန်မြန်ဆန်ဆန် ပြောင်းလဲတိုးတက်နေတာကြောင့် ဘာတွေဘယ်လိုတောင် ပြောင်းလဲသွားတာပါလား ဆိုပြီး ထိုင်တွေးတောနေဖို့ အချိန်မရှိသလောက်ပါပဲ။

ဒါပေမယ့် အခုလိုမျိုး လွန်ခဲ့တဲ့ ဆယ်နှစ် ဆယ်ငါးနှစ်လောက်က ကိုယ်တွေဖြတ်သန်းခဲ့ရတဲ့ Lifestyle ပုံစံတွေကို ဓာတ်ပုံပြန်ကြည့်ပြီး အခုလက်ရှိနဲ့ ယှဥ်ကြည့်မယ်ဆိုရင် ပြောင်းလဲမှုကို သိသိသာသာ မြင်တွေ့ရမှာဖြစ်ပါတယ်။

ကလေးတွေထိန်းကျောင်းတာ၊ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်တာ၊ အလုပ်လုပ်တာ၊ ပျော်ပါးတာတွေကအစ အများကြီး ပြောင်းလဲကုန်ပါပြီ။ ကဲ…အပြောထက် လက်တွေ့က ပိုတိကျလို့ ကိုယ်ကိုယ်တိုင်ပဲ ကြည့်လိုက်ရအောင်နော်။

လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်တွေတုန်းကဆိုရင် Digital Camera တွေနဲ့ပဲ ဆယ်လ်ဖီရိုက်ခဲ့ရတာ မှတ်မိသေးပါလား??

တီဗီဖန်သားပြင်ပေါ်မှာ မြင်တွေ့ရတဲ့ ယခင်တုန်းက စင်ဒရဲလားဇာတ်ကားရဲ့ Fairy Godmother နဲ့ ယခုခေတ် Fairy Godmother

လျှောက်လှမ်းပေါ်က မော်ဒယ်လ်တွေဆိုရင် ပိန်ပါးသွယ်လျရမယ်ဆိုတဲ့ ခေတ်ကြီးက ကုန်သွားခဲ့ပါပြီ

ဒီနေ့ခေတ် အနုပညာရှင်တွေရဲ့ ပိုပြီးရဲတင်းလာတဲ့ ဖက်ရှင်ရွေးချယ်မှုများ

ကလေးတွေရဲ့ ကစားစရာက အရုပ်တွေမဟုတ်တော့ဘဲ Gadgets တွေ ဖြစ်လာခြင်း

တက္ကစီကို တချိန်တုန်းက လက်တားပဲငှားခဲ့ရပေမယ့် အခုခေတ်မှာတော့ ဖုန်းတစ်လုံးနဲ့ အလွယ်တကူ ခေါ်လို့ရပါပြီ

၂၀၀၀ ခုနှစ်တွေတုန်းက ရုပ်ရှားကားသစ်ထွက်ရင် ဆိုင်ကနေ အခွေငှားကြည့်ရပေမယ့် အခုတော့ ဖုန်းမှာပဲ ရှာကြည့်လို့ရပြီလေ

နားကြပ်တွေလည်း ကြိုးပျောက်ပြီး Wireless တွေဖြစ်ကုန်ပြီ

အရင်တုန်းက ဖုန်းထဲမှာပဲရှိတဲ့ Functions တွေက လက်မှာပတ်တဲ့ နာရီတွေဆီ ရွှေ့ပြောင်းသွားပြီ

လူတွေသာမက စက်ရုပ်တွေလည်း ပြောင်းလဲတာနော်

အခုခေတ်မှာ ရုံးမှာပဲ အလုပ်လုပ်ရတော့တာမဟုတ်ဘဲ ကိုယ်ကြိုက်ရာနေရာမှာ အလုပ် လုပ်လို့ရပြီ

ဆိုရှယ်မီဒီယာပေါ်မှာ တင်တဲ့ပို့စ်တွေကလည်း သဘာဝပိုဆန်လာတယ်

Source: BrightSide