အားလုံးပဲမင်္ဂလာပါနော်။ မင်းသမီး Kim Chu ကိုတော့ “ချစ်သောမာတာ” ဇာတ်လမ်းတွဲရဲ့ ‘စီလင်း’ ဇာတ်ကောင်အဖြစ် ဖိလစ်ပိုင်ဇာတ်လမ်းတွဲချစ်ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ သူမရဲ့ နာမည်အပြည့်အစုံက Kimberly Sue Yap Chiu ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံဖွား တရုတ်စပ်ကပြားတစ်ဦးဖြစ်ပါတယ်။ သူမကိုတော့ ၁၉၉၀ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာမွေးဖွားခဲ့ပြီးအခုနှစ်မှာ အသက် ၃၁ နှစ်ရှိသွားပြီပဲဖြစ်ပါတယ်။

လက်ရှိ model သရုပ်ဆောင်၊ အဆိုတော်နဲ့ Host အစရှိတဲ့နယ်ပယ်တွေမှာ အောင်မြင်နေသူတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်YouTube Channel နဲ့ Vlogger အဖြစ်ပါလုပ်ကိုင်နေသူဖြစ်ပါတယ်။ အရပ် ၅ပေ ၄လက်မရှိပြီး ဖိနပ်အမြင့်တွေကို ယုံကြည်မှုအပြည့်နဲ့ ဝတ်ဆင်ရတာနှစ်သက်သူတစ်ဦးပါ။


အပြစ်ကင်းစင်တဲ့မျက်နှာပေါက်လေးကို ပိုင်ဆိုင်ထားတဲ့သူမဟာဆိုရင် အသက် ၃၀ကျော်လို့မထင်ရအောင် ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားကို ထိန်းထားနိုင်ပြီး ခေတ်နဲ့အညီ လူငယ်ဆန်တဲ့ ပေါ့ပေ့ါပါးပါး Outfit လေးတွေ ဝတ်တတ်သူတစ်ဦးလည်းဖြစ်ပါတယ်။


သူမဟာ ဖိလစ်ပိုင်နိုင်ငံ Metro Magazine ရဲ့မျက်နှာဖုံး Model အဖြစ်မကြာခဏပါဝင်တတ်သူတစ်ဦးဖြစ်တာကြောင့်ဖက်ရှင်ပိုင်းနဲ့လည်းမစိမ်းတဲ့ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာ ဆယ်ကျော်သက်တစ်ယောက်လိုခေတ်ဆန်ဆန်လေးဝတ်ရတာကြိုက်တဲ့ သတ်လတ်ပိုင်းပျိုမေတွေနဲ့ ခန္ဓာကိုယ်သေးတဲ့မိန်းကလေးတွေ လိုက်ဝတ်လို့ရမယ့်မင်းသမီး Kim Chiu ရဲ့ ဖက်ရှင်အချို့ကို ဖော်ပြပေးချင်ပါတယ်။ သူမဝတ်လေ့ရှိတဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်လေးတွေကို ဆက်ကြည့်လိုက်ရအောင်နော်-

Photo Source: Kim Chiu Instagram

By MyStyle Myanmar