အားလုံးပဲမင်္ဂလာပါ။ Pharrell Williams ကိုတော့ “Happy” သီချင်းနဲ့ ရင်းနှီးကြမှာပါ။ Pharrell Williams က Helen Lasichanh နဲ့ ၂၀၁၃ မှာ လက်ထပ်ခဲ့ပြီး Rocket Ayer Williams ဆိုတဲ့ သားတစ်ဦး ပိုင်ဆိုင်ထားသူပါ။

Pharrell Williams ရဲ့ ထူးခြားချက်ကတော့ အသက်ကြီးလာတယ်လို့ မထင်ရတာပါပဲ။ သူရဲ့ ငယ်စဉ်ကတည်းက မျက်နှာပုံစံက ဒီအချိန်ထိ ဒီပုံစံပါပဲ။ အသက်အရွယ်ရလာပေမယ့် ရုပ်လုံးဝမပြောင်းတဲ့ Celebrities တွေကို သင်မြင်ဖူးမှာပါ။ ဒီထဲ Pharrell Williams လည်းပါဝင်ပါတယ်။

Photo Source: Pinterest

Skin Care က မိန်းကလေးတွေပဲ လုပ်ရမှာမဟုတ်ပါဘူး။ ယောကျာ်းလေးတွေလည်း လုပ်သင့်ပါတယ်။ Pharrell Williams က သူ့ရဲ့ Skin Care Routine ကို “GQ” Youtube Channel မှာပြောပြခဲ့တာပါ။ Pharrell ရဲ့ Skin Care Step ကလည်း သုံးဆင့်ပဲ ရှိတာကြောင့် Skin care လုပ်ရမှာပျင်းတဲ့ ယောကျာ်းလေးတွေနဲ့ အံကိုက်ပါပဲ။

၁။ Facial Cleansing

Photo Source: GQ

ပထမအဆင့်အနေနဲ့လိုအပ်တာကတော့ အရည်အသွေးကောင်းတဲ့ Facial Cleanser လိုအပ်တယ်လို့ Pharrell က ဆိုထားပါတယ်။ Facial Cleanser ကိုမျက်နှာပေါ် ပွတ်တဲ့အချိန် စက်ဝိုင်းပုံစံနဲ့ အပေါ်ကို ပင့်တင့်ပြီး ပွတ်ပေးရပါမယ်။ ဘယ်တော့မှ အောက်ဘက် သွားတဲ့ Direction နဲ့ မပွတ်ဖို့ အကြံပေးထားပါတယ်။ မျက်နှာသုတ်တဲ့အချိန်လည်း သဘတ်သပ်သပ်နဲ့ သုတ်ပေးဖို့ လိုကြောင်း ပြောထားပါတယ်။

၂။ Exfoliator

Photo Source: Esquire

Pharrell က ဒုတိယအဆင့်အနေနဲ့ Exfoliator ကိုသုံးပါတယ်။ သူကတော့ Enzyme Exfoliator ကိုသုံးပါတယ်တဲ့။ Exfoliator က မျက်နှာပေါ်က ဆဲလ်သေတွေကိုကွာကျစေပြီး မျက်နှာတင်းရင်းစေပါတယ်။ မိန်းကလေးတွေပဲ မျက်နှာကို ချေးချွတ်ရတာမဟုတ်ပါဘူး။ ကြည်လင်သန့်ပြန့်တဲ့ အသားအရေကိုပိုင်ဆိုင်ဖို့ ယောကျာ်းလေးတွေလည်း ချေးချွတ်ပေးသင့်ပါတယ်။

၃။ Moisturizer

Photo Source: Allure

Pharrell က နောက်ဆုံးအဆင့်အနေနဲ့ Moisturizer ကိုလိမ်းပေးပါတယ်။ မျက်နှာချေးချွတ်ပြီးနောက် အစိုဓာတ်ထိန်းခရင်ကို လိမ်းပေးသင့်ပါတယ်။

Pharrell ရဲ့ မနက်နဲ့ည Skin Care Routine ကွာခြားမှုကတော့ ညဘက်မှာ Vitamin C Serum လိမ်းပေးတယ်လို့ ဆိုပါတယ်။ Serum က အစိုဓာတ်ကို ထိန်းပေးတယ်လို့ ပြောပြထားပါတယ်။ နှုတ်ခမ်းစိုနေအောင် Lip Balm သုံးနိုင်တယ်လို့ Pharrell က ထပ်လောင်းပြောပြသွားပါတယ်။

ဒီစာကို ဖတ်နေတဲ့သူက မိန်းကလေးဆိုရင် ကိုယ့်ကောင်လေး ဒါမှမဟုတ် ကောင်လေးသူငယ်ချင်းမြင်အောင် Share ဖို့မမေ့နဲ့နော်။

By MyStyle Myanmar