လူတော်တော်များများက မိမိရဲ့ပင်ကိုယ်စရိုက် ဘယ်လိုရှိတယ်ဆိုတာကို သိချင်ကြတယ်။ ငါကဘယ်လိုလူမျိုးလဲ? ငါဘာဖြစ်ချင်နေတာလဲ? ငါ့ကိုတခြားသူတွေ ဘယ်လိုမြင်ကြသလဲ? စတဲ့မေးခွန်းတွေက လူအများစုသိချင်ကြတဲ့ မေးခွန်းတွေပါ။

မိမိရဲ့ပင်ကိုယ်စရိုက်ကို အနီးစပ်ဆုံး စစ်ဆေးနိုင်မယ့် ပင်ကိုယ်စရိုက်စစ်ဆေးခြင်း ဆိုတဲ့ ဆောင်းပါးလေးကို ပရိတ်သတ်တွေအတွက် ရေးပေးလိုက်ပါတယ်။

ဘယ်သူက အရူးမိုက်ဆုံး ပုဂ္ဂိုလ် လို့ထင်လဲ ဆိုတာကို ရွေးလိုက်ပါတယ်။

နံပက် (၁) ပုဂ္ဂိုလ်

သင်ဟာ ကံကြမ္မာကို ယုံကြည်တဲ့သူဖြစ်ပါတယ်။ ဖြစ်လာမယ့် ကိုယ့်ရဲ့ ကံကြမ္မာကို ဘယ်လိုမှ ပြောင်းလဲလို့မရဘူးဆိုပြီး အရာအရာကို အရှုံးပေးလေ့ရှိတဲ့သူပါ။ လက်ရှိဖြစ်ပျက်နေတာ အားလုံးကို လက်ခံနိုင်တဲ့သူပါ။ သင်ဟာ ဘယ်တော့မှာ တခြားသူတွေနဲ့ ငြင်းခုံလေ့မရှိပါဘူး။ ဘာလို့လဲဆိုတော့ ငြင်းခုံခြင်း နဲ့ စကားများခြင်းဟာ သင့်ကိုစိတ်တိုစေလို့ပါပဲ။ သင်ဟာ ရိုးသားပြီး ကြင်နာသနားစိတ်ရှိတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ကံကြမ္မာကို ကိုယ်ကပဲ ဖန်တီးယူရတာပါ။ အရာအားလုံးက ကြိုတင်ဟောကိန်း ထုတ်ထားတယ်လို့ ယုံကြည်နေတာကို ရပ်လိုက်ပါ။

နံပတ် (၂) ပုဂ္ဂိုလ်

ဆုံးဖြတ်ချက်ကို ကတိုက်ကရိုက် ဆုံးဖြတ်တတ်သူပါ။ နောက်တခါ ဆုံးဖြတ်ချက်တစ်ခုခုချရတော့မယ်ဆိုရင် အချိန်ယူပါ။ ဖြစ်ပျက်နေတဲ့ အခြေအနေအားလုံးကို ခြုံငုံ သုံးသပ်နိုင်အောင် ကြိုးစားပါ။ နောက်ပြီး သင်ဟာ ခေါင်းမာတဲ့သူတစ်ယောက်ပါ။ အတိတ်က ဖြစ်ပျက်ခဲ့တာတွေအတွက် ဘယ်တော့မှ နောင်တရတတ်တဲ့သူမျိုးမဟုတ်ပါဘူး။ မိမိဆုံးဖြတ်ချက်ကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တွေအတွက် တာဝန်အပြည့်ယူတတ်တဲ့သူမျိုးပါ။

နံပတ် (၃) ပုဂ္ဂိုလ်

သင်ဟာ ဖိုက်တာ တစ်ယောက်ပါ။ တစ်ခါတစ်လေ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့အကျင့်ရှိတယ်။ ပြီးတော့ ဘယ်တော့မှ လက်မလျှော့တတ်ဘူး။ ကိုယ်ယုံကြည်ရတဲ့ အရာတခု (သို့) ကိုယ့်ရဲ့ နေရာအတွက် အဆုံးထိ ခုခံတိုက်ခိုက်နိုင်စွမ်းရှိတယ်။ သင့်ဆီမှာ နည်းဗျူဟာ အသစ်တွေ စိတ်ကူးစိတ်သန်းတွေရှိတယ်။ ဒါကြောင့် စီးပွားရေးမှာ အောင်မြင်တတ်ကြတယ်။

နံပတ် (၄) ပုဂ္ဂိုလ်

သင်ဟာ ဆုံးမရခက်တဲ့သူပါ။ တခုခုဆိုရင် ဆန့်ကျင်ဖက်ကိုပဲ လုပ်ချင်နေတဲ့သူပါ။ တစ်စုံတစ်ခုကို သက်သေပြဖို့အတွက် ကိုယ်လိုချင်နေတဲ့အရာတွေကို စွန့်လွှတ်ဖို့ ဝန်မလေးသူပါ။ ကိုယ့်စည်းမျဉ်းနဲ့ကိုယ်နေတတ်ပြီး ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကသာ အကောင်းဆုံးလို့ မှတ်ယူထားတဲ့သူပါ။

မတူညီတဲ့ အကြံဥဏ်တွေဟာ ပြသနာ တခုကို အကောင်းဆုံးဖြေရှင်းဖို့ အခြေအနေတွေဖန်တီးပေးနိုင်တာကို သတိရပါ။ နောက်တခါ ငြင်းခုံရတာတွေ ဖြစ်လာခဲ့ရင် သင့်ရဲ့ကောင်းမွန်တဲ့ ဆင်ခြင်တုံတရားကို အသုံးပြုပါ။

Source: Bright Side