ပျိုမေတို့ အားလုံးပဲမင်္ဂလာပါ။ သင့်ရဲ့ ပုံမှန်ဝတ်နေကျ စတိုင်က ဘယ်လိုပုံစံမျိုးလဲ။ တချို့မိန်းကလေးတွေက မိန်းကလေးဆန်ဆန် ဝတ်ရတာ သဘောကျပြီး တချို့ကျတော့ ပေါ့ပေါ့ပါးပါးနဲ့ ပွပွလေးတွေကို ဝတ်ရတာ သဘောကျကြပါတယ်။ သင်ဝတ်တဲ့ အဝတ်အစားပုံစံအလိုက် သင့်ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းလို့ရပါတယ်။ သင်က ယောကျာ်းဆန်ဆန် ပေါ့ပေါ့ပါးပါး ဝတ်တတ်တဲ့ မိန်းကလေးတစ်ယောက်ဆိုရင်တော့ သင်က ဒီလိုမိန်းကလေးပါ။

၁။ သင်က တစ်ယောက်တည်း သီးသန့်နေတတ်ပါတယ်။

၂။ စိတ်ထဲမှာ ရှိတဲ့ အတိုင်း ဟန်ဆောင်မှုကင်းကင်း ပေါ့ပေါ့ပါးပါး ပြောတတ်ကြပါတယ်။


၃။ ညဘက် စောစောမအိပ်တဲ့ ကောင်မလေးတွေဖြစ်ပါတယ်။

၄။ ဘဝမှာ အားကိုးမယ့် ယောကျား်လေး မရှိလည်း အဆင်ပြေတယ်လို့ ခံယူထားသူတွေပါ။

၅။ တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးပါတယ်။

၆။ သဘာဝ တောတောင် ရေမြေကို နှစ်သက်ကြပါတယ်။ မြို့ပြနေရာထက် တိတ်ဆိတ်တဲ့နေရာတွေကို သဘောကျသူတွေပါ။

၇။ ခံစားချက်တွေကို လွယ်လွယ်နဲ့ ထုတ်မပြောတတ်ပါဘူး။

၈။ တစ်ခုခု အဆင်မပြေတဲ့အချိန် မအောင်မြင်တဲ့အချိန်ဆိုရင် အလွယ်တကူ စိတ်ထိခိုက်လွယ်ကြပါတယ်။ စိတ်ထိခိုက်လွယ်တဲ့မိန်းကလေးတွေပါ။


၉။ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်နိုင်ဖို့ ကြိုးစားနေသူတွေဖြစ်ပါတယ်။

၁၀။ လွတ်လပ်မှုကို မြတ်နိုးသူတွေဖြစ်ပါတယ်။

သင်နဲ့ ဒီအချက်တွေနဲ့ တိုက်ဆိုင်ရဲ့လား ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar