နေ့စဥ်နေ့တိုင်းပြုလုပ်နေတဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုတွေဟာ ပြီးပြည့်စုံပြီး မှန်ကန်နေတယ်လို့ သင်ထင်ပါလား? ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုနည်းလမ်းတွေဟာ ရိုးရှင်း လွယ်ကူကြပေမယ့် သင်သတိမထားမိတဲ့အမှားတွေ ဥပမာ-မျက်နှာသစ်တဲ့အခါ လက်နဲ့ပွတ်ပြီး သစ်တာ က မျက်နှာအရေပြားကိုထိခိုက်စေတာမျိုး စသဖြင့် သတိမထားမိဘဲ မှားယွင်းစွာ လုပ်မိနေတတ် ကြပါတယ်။

မျက်နှာကို လက်နဲ့ခနခနထိခြင်း

တစ်နေ့ဘယ်နှစ်ကြိမ်လောက် သင့်ရဲ့လက်နဲ့မျက်နှာကို ထိမိနေတတ်ပါသလဲ ? လက်နဲ့ထိလိုက်တိုင်း လက်မှာရှိတဲ့အညစ်အကြေးတွေက မျက်နှာကိုရောက်စေတာမို့ ဖုန့်မှုန့်တွေ ၊ အညစ်အကြေးတွေ ၊ ဆဲလ်သေတွေက ချွေးပေါက်တွေကိုပိတ်စေပြီး ၀က်ခြံနဲ့ breakouts တွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ခနခနထိတာကို အတတ်နိုင်ဆုံးရှောင်ကျဥ်ပြီး မှန်ကန်တဲ့နည်းလမ်းတွေနဲ့ မျက်နှာကို သန့်စင်တာဟာ ချွေးပေါက်တွေကိုသန့်ရှင်းစေပြီး ကြည်လင်၀င်းပစေမှာပါ။

လေ့ကျင့်ခန်းမလုပ်ခင် မျက်နှာသစ်ခြင်း

လေ့ကျင့်ခန်းလုပ်ပြီး မျက်နှာသစ်ခြင်းက လန်းဆန်းမှုကိုရစေတာကြောင့် တစ်ကိုယ်ရည် သန့်ရှင်းမှုအတွက် လုပ်သင့်တဲ့အရာဆိုပေမယ့် လေ့ကျင့်ခန်းမလုပ်ခင် မျက်နှာကိုရေပက်ပေးခြင်းက တကယ်တော့ အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်းမလုပ်ခင် မျက်နှာသစ်ပေးဖို့ကလည်း အရေးကြီးဆုံးပါ။ မျက်နှာမသစ်ဘဲ လေ့ကျင့်ခန်းလုပ်တဲ့အချိန် ‌ချွေးထွက်လာလို့ ချွေးသုတ်တဲ့အခါ မျက်နှာမှာရှိတဲ့ အဆီ ၊ ဖုန်နဲ့ ချွေးတွေက ချွေးပေါက်တွေကိုပိတ်စေပြီး ဝက်ခြံတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းမလုပ်ခင် မျက်နှာသစ်ခြင်းက ချွေးထွက်တဲ့အခါ ချွေးထဲက အငန်ဓာတ်နဲ့ရေက အရေပြားကိုအန္တရာယ်ကင်းစေပြီး ၀တ်ခြံထွက်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။

ရေပူနဲ့ရေချိုးခြင်း

အေးတဲ့‌မနက်ခင်းမှာ ပူပူနွေးနွေးအငွေ့ပျံနေတဲ့ ရေနဲ့ရေချိုးတာလောက် ပိုကောင်းတာမရှိပါဘူး။ ဒါပေမယ့် ရေပူနဲ့ရေချိုးတာဟာ သင့်ရဲအသားအရေအတွက်တော့ ကောင်းကျိုးမဖြစ်စေပါဘူး။ ရေနွေးက ချွေးပေါက်တွေကိုပွင့်စေကာ အသားအရေကို ကာကွယ်ပေးတဲ့အဆီတွေကိုဖယ်ရှားပစ်ပြီး ရေဓာတ်ဆုံးရှုံးမှုကို ပိုဖြစ်စေပါတယ်။ ဒါကြောင့် ‌သင်ဟာ ရေပူနဲ့ရေချိုးတာကို မစွန့်လွှတ်နိုင်ဘူးဆို ရင်တော့ ရေပန်းကို အေးတဲ့ဘက်ကိုအနည်းငယ်ရွှေ့ပြီး အပူချိန်ကိုလိုက်လျောညီအောင်ညှိပြီးမှ ရေနွေးနွေးနဲ့ချိုးပါ။

ရေချိုးပြီးအတော်ကြာမှ lotion လိမ်းခြင်း

ရေချိုးပြီးတိုင်း အစိုဓာတ်ထိန်းဖို့ moisturizer or lotion လိမ်းဖို့ကို အချိန်အကြာကြီးမစောင့်ဘဲ ခပ်မြန်မြန်လေးလိမ်းပေးပါ။ ခန္တာကိုယ်ကိုမပွတ်ဘဲ ခြောက်အောင်သုတ်ပြီး အစိုဓာတ်ရစေဖို့ moisturizer or lotion ကို ခန္ဓာကိုယ်အနှံ့ လိမ်းပေးသင့်ပါတယ်။

Mouthwash အသုံးပြုခြင်း

Mouthwash ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အရာလို့ ထင်ကြလေ့ရှိပေမယ့် တချို့လူတွေအတွက်တော့ ဆိုးဝါးစေပါတယ်။ Alcohol ပါတဲ့ Mouthwash တွေက တကယ်တော့ ခံတွင်းကို ရေဓာတ်ခမ်းခြောက်စေပြီး မကောင်းတဲ့ဘတ်တီးရီးယားတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် Mouthwash ရွေးတဲ့အခါ Alcohol မပါတဲ့ spray လိုမျိုး Mouthwash တွေကို ရွေးချယ်သင့်ပါတယ်။ Alcohol မပါတဲ့ Mouthwash တွေက တံတွေးထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး ဆိုးရွားတဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးဖို့ အထောက်အကူဖြစ်စေပါတယ်။