Period Time က မိန်းကလေးတိုင်းအတွက် စိတ်အပြောင်းအလဲ အမျိုးမျိုး ဖြစ်နိုင်တဲ့ ကာလပါ။ ဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။ တချို့တွေက စိတ်တိုလွယ်ပြီး တချို့ကတော့ စိတ်အားငယ်လွယ်တတ်ကြပါတယ်။ ဒီလိုအချိန်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့ Self-care နည်းလမ်းတွေကို လိုက်နာကာ လုပ်ကြည့်သင့်ပါတယ်။ ဒီတော့ ဘယ်လိုနည်းလမ်းတွေနဲ့ ဓမ္မတာ လာချိန်မှာ Self-care လုပ်နိုင်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ အိပ်ချိန်၊ နားချိန်ကို ဦးစားပေးပါ

သင်က ဒီလိုအချိန်မှာ အာရုံနောက်စရာတွေ မလုပ်ရင် အကောင်းဆုံးပါပဲ။ အိပ်ချိန် ရရင် ရသလို အိပ်သင့်ပြီး နားချိန်မှာလည်း အပြည့်အဝ နားပေးသင့်ပါတယ်။ နားတာက သင့်အပြစ်မဟုတ်သလို
ဒါအတွက်လည်း နောင်တရစရာ မလိုပါဘူး။

၂။ မူးယစ်ဆေးဝါးကို ရှောင်ပြီး ရေများများသောက်ပါ

ပျိုမေတို့အနေနဲ့ ဒီလိုအချိန်အခါမှာ သေရည်အရက်၊ ဘီယာ၊ ဆေးလိပ်စတာတွေကို ရှောင်ကြဉ်သင့်ပြီး ရေကိုပဲ များများ သောက်ပေးသင့်ပါတယ်။ ဒါကလည်း Self-care လုပ်ခြင်းပါပဲ။

၃။ Meditate လုပ်ပါ၊ ယောဂကျင့်ပါ

ဓမ္မတာ ဖြစ်ချိန်မှာ ခန္ဓာကိုယ်ကို အများကြီး အလုပ်မပေးတာ အကောင်းဆုံးပါပဲ။ အားကစားလုပ်နေကျ ပျိုမေတို့အနေနဲ့ ပြင်းပြင်းထန်ထန် အားကစားလုပ်ခြင်းကို ရှောင်သင့်ပြီး ယောဂကျင့်တာ၊ တရားထိုင်တာ စတာတွေကို များများ လုပ်ပေးသင့်ပါတယ်။

၄။ သက်တောင့်သက်သာ ဖြစ်တာကို အများဆုံး ဝတ်ပါ

ချောင်ချိပြီး သက်တောင့်သက်သာ ဖြစ်တဲ့ အဝတ်အစားတွေကို Period အချိန်မှာ ဝတ်ဆင်သင့်ပါတယ်။ နွေးထွေးတဲ့ အဝတ်အစားတွေကို ပိုဦးစားပေးဝတ်ဖို့လည်း မမေ့သင့်ပါဘူး။

၅။ အစားများသူတွေအတွက်

Period ဖြစ်ချိန်မှာ တချို့မိန်းကလေးတွေက စားချင်တာတွေကို စွတ်စားတတ်ကြပါတယ်။ စားတာများသွားရင်တော့ မအီမသာ ဖြစ်ကာ Period ချိန်နဲ့ အဆင်မပြေလှပါဘူး။ ကိုယ်ကြိုက်တာတွေကို စားနိုင်ပေမယ့် တစ်ခါစားရင် နည်းနည်းစီပဲ စားပေးသင့်ပါတယ်။

၆။ ဗိုက်ပူတတ်သူတွေအနေနဲ့

Period ဖြစ်ခါနီး ဒါမှမဟုတ် ဖြစ်နေချိန်မှာ ဗိုက်က နဂိုထက် ပိုပူလာတတ်သူတွေ ရှိပါတယ်။ ဒီလို ဖြစ်လေ့ရှိတဲ့ ကောင်မလေးတွေအနေနဲ့ အစားအသောက်ကို ဂရုစိုက်ပေးသင့်ပါတယ်။ ဘယ်လိုဂရုစိုက်နိုင်မလဲဆိုတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Healthy Fat ကို ပိုစားသင့်ပြီး Carbohydrate ကို လျှော့စားသင့်ပါတယ်။

၇။ အောင့်တက်သူတွေအတွက်

သင်က Period ဖြစ်ချိန်မှာ အောင့်တတ်သူဆိုရင်တော့ ဒါအတွက် သီးသန့် ရည်ညွှန်းထားတဲ့ ယောဂလေ့ကျင့်ခန်းတွေကို လုပ်ပေးသင့်ပါတယ်။ ယောဂလေ့ကျင့်ခန်းတွေထဲကမှ Frog Pose က အထိရောက်ဆုံးလို့ ဆိုနိုင်ပါတယ်။

Photo source: Pinterest

By MyStyle Myanmar