ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို စွဲလန်းတတ်ခြင်းမှာ သူမရဲ့ မွှေးရနံ့တစ်မျိုးကလည်း ပါဝင်နေတတ်ပါတယ်။ ကိုယ့်အကြောင်းတွေးမိတဲ့အချိန် ရလာတဲ့ထူးခြားမယ့် ရနံ့တစ်မျိုးကို ပျိုမေတို့ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အနံ့ရလိုက်တာနဲ့ ယောကျာ်းလေးတွေ မှင်သက်သွားမယ့် ရနံ့တွေကို ဖော်ပြပါရစေ။
၁။ Vanilla
ယောကျာ်းလေးအများစုက ရေခဲမုန့်စားရင်တောင့် Vanilla Ice Cream ကိုသဘောကျတတ်သလိုပဲ ဆိုင်တစ်ဆိုင်ရှေ့ဖြတ်ရင်တောင် Vanilla နံ့ကို သတိထားမိနေတတ်ပါတယ်။
၂။ Black Liquorice (အနက်ရောင်နွယ်ချို)
ယောကျာ်းလေးတွေက Black Liquorice ဆိုတဲ့ အနံ့တစ်မျိုးကိုလည်း ဆွဲဆောင်မှုရှိတယ်လို့ ခံစားတတ်ကြပါတယ်။
၃။ Cinnamon
သစ်ကြမ်းခေါက်မှုန့်အနံ့ကိုလည်း ယောကျာ်းလေးတွေက သဘောကျတတ်ကြပါတယ်။ Cinnamon နံ့က လူတစ်ယောက်ကို စိတ်ဝင်စားမှုရစေမယ့် အနံ့လို့လည်း ဆိုနိုင်ပါတယ်။
၄။ Pumpkin Pie
ဖရုံသီးပိုင်မုန့်နံ့ကလည်း ယောကျာ်းလေးတွေအတွက် ချိုချို အီအီလေးနဲ့ စွဲမက်စရာအနံ့ဖြစ်နေတတ်ပါတယ်။
၅။ Lavender
Lavender ပန်းနံ့က လူတစ်ယောက်ကို စိတ်ငြိမ်စေတယ်။ အေးချမ်းစေတယ်လို့ ပြောတတ်ကြပါတယ်။ ယောကျာ်းလေးအများစုကလည်း ဒီအနံ့ကို သဘောကျတတ်ကြပါတယ်။
ဒီရေမွှေးနံ့တွေထဲမှာ သင်ကြိုက်တဲ့အနံ့ပါရင်လည်း ပြောပြခဲ့ပါဦး။ ဘယ်လိုပဲဖြစ်ဖြစ် အရေးကြီးတာက ယောကျာ်းလေးတွေကြိုက်ဖို့ထက် ကိုယ့်ရေမွှေးနံ့ကို ကိုယ်တိုင် ကြိုက်နေဖို့ပဲလိုပါတယ်။
Photo Source: Pinterest
By MyStyle Myanmar