သင်က အရင်ရည်းစားကို သံယောဇဉ်မပြတ်နိုင်လို့၊ ချစ်နေသေးလို့ သူနဲ့ ပြန်အဆင်ပြေဖို့ နည်းလမ်းတွေကို ရှာဖွေနေသူလား။ ရည်းစားဟောင်းကို ပြန်ရနိုင်မယ့် နည်းလမ်းတစ်ခု ကတော့ လုံးဝ မတူတော့တဲ့ လူတစ်ယောက် ဖြစ်အောင် ပြောင်းလဲတာမျိုး မဟုတ်ဘဲ ပိုတိုးတက်၊ ပိုတော်လာတဲ့ သူတစ်ယောက် ဖြစ်အောင် ပြောင်းလဲခြင်းပါ။ ဖော်ပြပါ နည်းလမ်း တွေကတော့ သင့်ရည်းစားဟောင်းနဲ့ ပြန်အဆင်ပြေနိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။

၁။ ကျန်းမာတဲ့ ဘဝနေထိုင်မှု ပုံစံအသစ်ကို စတင်ပါ

သင့်ကိုယ်သင် အာရုံစိုက်ပြီး သင့်ယုံကြည်မှုကို မြှင့်တင်သင့်ပါတယ်။ အဖွဲ့အစည်းတွေထဲ ဝင်ပြီး သင့်အမြင်ကို ပိုကျယ်အောင် လုပ်သင့်ပါတယ်။ သင်က ဘာမှပြောင်းလဲမှုမရှိရင် သူ့မျက်လုံးထဲ ဒီအတိုင်းပဲ ဖြစ်နေနိုင်ပါတယ်။ သင် ကျန်းမာအောင် နေတာက သင့်ရည်းစားဟောင်းကို ပြန်ရနိုင်မယ့် အပြုအမူတစ်ခုပါ။

၂။ တောင်းပန်ပါ

သင်က ဒီလမ်းခွဲမှုမှာ မှားနေတဲ့သူဆိုရင် သူ့ကို စိတ်ရင်းထဲက တောင်းပန်သင့်ပါတယ်။

၃။ သူက နောက်တစ်ယောက်တွဲတဲ့အခါ မလန့်ပါနဲ့

များသောအားဖြင့် ပြတ်ခါစ အသစ်တွဲတာက သင့်နေရာမှာ ခဏတဖြုတ် အစားထိုးတာ ဖြစ်နိုင်ပါတယ်။ ဒီလို ခဏလေးနဲ့ ပြန်တွဲတာက အရင်တည်းက သစ္စာဖောက်နေခဲ့တဲ့ ယောက်ျားက လွဲရင် ဒီလို အသစ်ထားတာတွေက သိပ်မြဲလေ့မရှိပါဘူး။ သင့်အနေနဲ့ သူအသစ်တစ်ယောက် ရသွားရင် မလန့်သင့်ပါဘူး။

၄။ သင့်ရည်းစားဟောင်းရဲ့ အရေးကြီးတဲ့ နေ့စွဲတွေကို သတိရပါ

သင့်ရည်းစားဟောင်းရဲ့ မွေးနေ့တင်မက သူ့အတွက် အရေးပါတဲ့ နေ့တွေကို သင်က မှတ်ထားသင့်ပါတယ်။ ဒါကို ဂရုစိုက်ကြောင်းလည်း ပြသင့်ပါတယ်။

၅။ သူကြူနေတဲ့ နောက်တစ်ယောက်ကို သေချာကြည့်ပါ

ဒါက နည်းနည်းတော့ ရင်နာစရာ ဖြစ်မယ့် နည်းလမ်းတစ်ခုပါ။ သူလက်ရှိ ကြူနေတဲ့ အမျိုးသမီးအကြောင်းကို သေချာ စုံစမ်း၊ သေချာ လိုက်ကြည့်သင့်ပါတယ်။ ဒီလို ကြည့်ပြီး သင်က ဒီအမျိုးသမီးထက် ပိုသာအောင် လုပ်သင့်ပါတယ်။

၆။ သင်က သူမရှိဘဲ နေနိုင်တဲ့ ပုံစံမျိုးကို Social Media မှာ ပြသပါ

သင်က သူ့ကို လွမ်းနေရင်တောင် ဒါကို Social Media ပေါ်မှာ သူသိအောင် မပြသင့်ပါဘူး။ သင့်ဘဝမှာ ဖြစ်နေတဲ့ အသစ်အသစ် Moment တွေကိုပဲ တင်သင့်ပြီး သင့်သူငယ်ချင်းတွေနဲ့ ဓာတ်ပုံတွေကိုပဲ တင်သင့်ပါတယ်။

၇။ ပြောင်းလဲပါ

ဆံပင်ပုံစံပြောင်းတာ၊ အသားအရေ ပိုကောင်းအောင် လုပ်တာ၊ စတိုင်ပြောင်းတာ စတာတွေကို လုပ်ပေးသင့်ပါတယ်။

၈။ လွတ်လွတ်လပ်လပ် ပျော်ပျော်နေပါ

သင့်ရည်းစားဟောင်းက သင်ဟာ သူမရှိဘဲ ပျော်ပျော်နေတာကို မြင်တဲ့အခါ နေနိုင်လိုက်တာဆိုပြီး အတွေးတွေ ဝင်လာနိုင်ပါတယ်။ အသည်းကွဲခြင်းက သင့်ကို ခွန်အားအသစ်တစ်ခု ပေးနိုင်ပါတယ်။

သင်က ဒီနည်းလမ်းတွေနဲ့ သူပြန်လာအောင် မလုပ်နိုင်သေးဘူးဆိုရင် စိတ်ရှည်ပါလို့သာ အကြံပေးပါရစေ။

Photo Source: Pinterest

By MyStyle Myanmar