လူသားများက လူ့သက်တမ်း သုံးပုံတစ်ပုံကို အိပ်စက်ခြင်း (သို့) အိပ်စက်ဖို့ ကြိုးစားခြင်းဖြင့် အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဒါပေမဲ့လည်း လူတော်တော်များများက အိပ်ရေးမဝကြဘဲ ပင်ပန်းနွမ်းနယ်နေကြတုန်းပဲဖြစ်ပါတယ်။

အိပ်ရေးဝဝ အိပ်စက်ခြင်းက အထူးလိုအပ်ပါတယ်။ အိပ်ရေးဝမှသာ ဦးနှောက်ရဲ့စွမ်းဆောင်ရည်ကို တိုးမြှင့်လာမှာဖြစ်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုမှာဖြစ်ပါတယ်။ အိပ်ရေးမဝတဲ့ ပြဿနာကို ဖြေရှင်းဖို့ကတော့ လွယ်လွယ်လေးပါပဲ။

အိပ်ရာထတဲ့အချိန်ကို ပုံသေလုပ်ထားရမယ်

အိပ်ရာနိုးလာတဲ့အခါ လန်းလန်းဆန်းဆန်းနဲ့ တက်ကြွရွှင်လန်းချင်တယ်ဆိုရင်တော့ အိပ်ရာထမယ့်အချိန်ကို တစ်ပတ် ခုနစ်ရက်တိတိ တူညီအောင် ပုံသေပြုလုပ်ထားရပါမယ်။

အိပ်ချိန် ဘယ်လောက်ရှိမလဲ တွက်ချက်ရမယ်

ကလေးဘဝတုန်းကတော့ ငယ်ရွယ်သေးတဲ့အတွက် အိပ်ချိန် ၁၄ နာရီခန့် ရရှိခဲ့ကြပါတယ်။ တဖြည်းဖြည်းအသက်ကြီးလာပြီး အသက် ၂၀၊ အသက် ၄၀ ရောက်လာတဲ့အခါ အိပ်စက်ချိန်က ၇ နာရီကနေ ၉ နာရီအတွင်းပဲ ရရှိကြပါတယ်။ ဒါ့အပြင် လူတစ်ယောက်နဲ့ တစ်ယောက်ရဲ့ အိပ်စက်ချိန်က သူတို့ရဲ့ခန္ဓာကိုယ်ပေါ် လိုက်ပြီး ပြောင်းလဲသွားတတ်ပါတယ်။

အချို့က အိပ်ချိန် ၈ နာရီခန့်ရရင် အိပ်ရေးဝပြီး ရွှင်လန်းတက်ကြွနိုင်ပေမယ့် အချို့ကတော့ အိပ်ချိန် ၁၀ နာရီခန့်ရမှ အိပ်ရေးဝကြပါတယ်။ သင့်ခန္ဓာကိုယ်အတွက် အိပ်ချိန်ဘယ်လောက်ရတဲ့အခါ အိပ်ရေးဝမလဲဆိုတာကို သေချာတွက်ချက်သင့်ပါတယ်။

ပိတ်ရက်တွေမှာ အိပ်ချိန်မပိုပါစေနဲ့

ကြားရက်တွေမှာ ပင်ပန်းထားလို့ဆိုပြီး ပိတ်ရက်တွေမှာ ပိုအိပ်လိုက်မယ်လို့ မတွေးလိုက်ပါနဲ့။ ကြားရက်မှာရော ပိတ်ရက်တွေမှာပါ အိပ်စက်ချိန်နဲ့ နိုးထချိန်ကို တသမတ်တည်း တူညီအောင် ထားရပါမယ်။ ပိတ်ရက်မှာ အချိန်ပိုပို အိပ်စက်ခြင်းက ဆီးချိုရောဂါ၊ အဝလွန်ရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါတို့ကို ခံစားရစေပါတယ်။

သင်ရော မနေ့ညက အိပ်ရေးဝဝ အိပ်စက်ထားရဲ့လား။

Source: Brightside.me