သင့်ကိုယ်သင် ယုံကြည်မှုရှိနေဖို့၊ သဘောကျနေဖို့ အမြဲ ဝိတ်ချနေစရာမလိုသလို Gym နေ့တိုင်း သွားဖို့လည်း မလိုပါဘူး။ ဒီအစား အင်္ကျီကို ဘယ်လို ဝတ်ရင် ပိုလှမလဲ၊ ဘယ်လို ဝတ်လိုက်ရင် သင့်ခန္ဓာကိုယ် ပိုလှသွားမလဲ ဆိုတာမျိုးပဲ စဉ်းစားသင့်ပါတယ်။ သင်က ဘယ် Size ပဲဖြစ်ဖြစ် ခန္ဓာကိုယ် ပိုသွယ်သွားအောင်၊ ပိုပိန်သွားအောင် လှည့်စားနိုင်ပါတယ်။ ဒီတော့ ဝတ်ဆင်နည်းတွေကို ကြည့်လိုက်ရအောင်-

၁။ Layer ပုံစံ Tank Top နဲ့ Cardigan တွဲဝတ်တာမျိုးက သင့်ခန္ဓာကိုယ် အဆီတွေကို ဖုံးကွယ်ရာရောက်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် ကောက်ကြောင်းကိုလည်း ပေါ်စေနိုင်ပါတယ်။

၂။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေတောင် အနက်ဝတ်လိုက်ရင် ဗိုက်ပူနေတာကို မမြင်ရတော့ပါဘူး။ အနက်ရောင်က သင့်ကို ပိုပိန်စေပါတယ်။

၃။ ကိုယ့်အတိုင်းနဲ့ ချုပ်ထားတဲ့ အဝတ်အစားတွေက ကိုယ်နဲ့ Fitting ကျပြီး ကြာရှည်ခံတဲ့ အဝတ်အစားမျိုးပါ။ ဒါကြောင့် ကိုယ် တိုင်းနဲ့ သေချာချုပ်ထားတဲ့ အဝတ်အစားမျိုးမှာ Invest သင့်ပါတယ်။

၄။ ကိုယ့်ထက် Size ကြီးတဲ့ အဝတ်အစားကို ဝတ်လိုက်တဲ့အခါ ကိုယ့်ကို ပိန်သွားတယ်လို့ ထင်ရစေနိုင်ပါတယ်။ ဥပမာ- Oversized T-Shirt မျိုးပါ။

၅။ အတွင်းခံကို သင့် Size အတိအကျ သေချာ ဝတ်သင့်ပါတယ်။ အတွင်းခံက ပုံကျရင်လည်း ပိုပိန်တယ် ထင်ရစေပါတယ်။

၆။ သင်က ခန္ဓာကိုယ် ပြည့်တာကို မပေါ်စေဖို့ Accessories တွေကို ဆင်မြန်းနိုင်ပါတယ်။ ခါးပတ်၊ ပဝါ၊ နားဆွဲအကြီးတွေနဲ့ Attention ယူနိုင်ပါတယ်။

၇။ ပုံနှိပ်ထားတာများတဲ့ အင်္ကျီတွေက သင့်ရဲ့ အဆီရှိတဲ့ နေရာတွေပေါ် ပိုသိသာစေနိုင်ပါတယ်။ ဒါကြောင့် Pattern များတဲ့ အဝတ်အစားတွေကို ရှောင်သင့်ပါတယ်။

Photo Source: Pinterest

၈။ အစင်းကြောင်းတွေကတော့ သင့်ကို ပိုပိန်တယ် ထင်ရစေပါတယ်။ အထူးသဖြင့် ဒေါင်လိုက် အစင်းကြောင်း အင်္ကျီတွေက သင့်ခန္ဓာကိုယ်ကို ပိုသွယ်သွားစေနိုင်ပါတယ်။

၉။ ပိုပိန်တယ်ထင်ရစေဖို့ အချိုးအစားကျကျ ဝတ်တတ်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့် ကိုယ်အတိုင်းနဲ့ ကွက်တိကျတဲ့ အဝတ်အစားတွေကို ရွေးချယ်သင့်ပါတယ်။

၁၀။ ကိုယ်နေဟန်ထားကို မှန်မှန်ကန်ကန် နေပေးတာကလည်း သင့်ကို ပိုပိန်တယ် ထင်ရစေပါတယ်။

Source: Allwomenstalk

By MyStyle Myanmar