ကိုယ့်ပျော်ရွှင်မှုက ကိုယ့်အပေါ်မှာပဲ မူတည်ရမယ်ဆိုတဲ့ စကားကို သင်ကြားဖူးမှာပါ။ တစ်ပါးသူ အပေါ် မျှော်လင့်ချက်ထားလေ၊ သံယောဇဉ်ထားလေ၊ ပျော်ရွှင်မှုကို တစ်ပါးသူအပေါ် ဦးတည်လေ သင်ဟာ ပျော်ရွှင်မှုနဲ့ ဝေးလေလေပါပဲ။ သင့်ပျော်ရွှင်မှုက သင့်လက်ထဲမှာပဲ ရှိသင့်ပါတယ်။ သင်က သင့်ပျော်ရွှင်မှုကို တခြားသူပေါ် မှီခိုလိုက်တာနဲ့ သင်က စွမ်းအားမရှိတဲ့သူ ဖြစ်သွားပါပြီ။ ဒါကြောင့် ဘယ်သူ့အပေါ်မှ မျှော်လင့်ချက်မထားဘဲ တစ်ယောက်တည်း အေးအေးချမ်းချမ်း နေနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ တစ်ယောက်တည်း အေးအေးဆေးဆေးနေပြီး ပျော်ရွှင်မှု နောက်ကို မလိုက်လေ သင်ပိုပျော်ရွှင်ရလေပါပဲ။

တစ်ယောက်တည်း နေရတာ ဘယ်လောက်ထိ အေးချမ်းလဲ အောက်ဖော်ပြပါ ပုံရိပ်တွေက ထပ်ဟပ် ပြသနေပါတယ်။ ဒီပုံတွေထဲက အေးချမ်းမှုက သင့်ဆီပါ ကူးစက်လာတာကို သင်ခံစားမိပါလိမ့်မယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

မိုးရေထဲ ထီးဆောင်းထားရင်း မိုးစက်တွေကို လက်နဲ့ ခံယူကာ တစ်ယောက်တည်း အတွေးနယ်ချဲ့နေလို့ရပါတယ်။

တစ်ယောက်တည်း နေတဲ့သူ အနေနဲ့ မုန့်ထွက်ဝယ်မယ်၊ ပစ္စည်း ထွက်ဝယ်မယ်ဆိုရင် ကိုယ်လိုချင်တာကို ကိုယ့်သဘောအတိုင်း ဝယ်နိုင်ပါတယ်။

ညဘက် စက်ဘီးစီးရင်း ညဘက် မြို့ပြ မီးအလှတွေကို တစ်ယောက်တည်း ခံစားမယ်။

တစ်ယောက်တည်း အလုပ်သွားရင်းနဲ့ လက်ရှိအချိန်ကို အာရုံစိုက်ရင်း ပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေလဲ ငေးမောမယ်။

အပင်စိုက်ရတာ ဝါသနာပါသူ ဆိုရင်တော့ အိမ်မှာ ပန်းလှလှလေးတွေ စိုက်ပျိုးရင်း တစ်ယောက်တည်း အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပါတယ်။

အလုပ်လုပ်ရင်း ပင်ပန်းလာရင် ကိုယ်ဝယ်ထားတဲ့ ဆိုဖာပေါ် ခဏတဖြုတ် မှေးစက် အနားယူနိုင်ပါတယ်။

မိုးရွာတဲ့ နေ့တွေမှာ အိမ်ထဲမှာ နေရင်း Headphone တပ်ထားပြီး မိုးရေတွေကို ငေးမောနေမယ်။

တစ်ယောက်တည်း ဆိုရင် ကား၊ ရထားစီးတဲ့အချိန် Headphone ကို လွတ်လွတ်လပ်လပ် တပ်ပြီး လွတ်လွတ်လပ်လပ် သီချင်း နားထောင်နိုင်ပါသေးတယ်။

စာအုပ်ဖတ်နေရင်း စာအုပ်ထဲက ပုံရိပ်တွေ အပြင်ထွက်လာတဲ့ ပုံစံလို စိတ်ကူးယဉ် ပုံဖော်ကြည့်မယ်။

ပိတ်ရက်မှာ Bathtub ထဲ ကိုယ် တစ်ယောက်တည်း စိတ်ကြိုက် ရေစိမ်မယ်။

တစ်ယောက်တည်း သမားဆိုရင် ကိုယ်စားချင်တဲ့ အစားအစာကို မှာစားနိုင်သလို ကိုယ်ကြိုက်တဲ့ အစားအစာကို သူများနဲ့ မျှဝေစရာမလိုဘဲ တစ်ယောက်တည်း စားနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar