“အချစ်” ဆိုတဲ့စကားလုံးက လူသားတိုင်းနဲ့ မစိမ်းပေမယ့်လည်း ဒီအချစ်ကိုအခြေခံပြီးတော့ Relationship တစ်ခုကိုထူထောင်ဖို့ဆိုတာက လွယ်ကူတဲ့ ကိစ္စမဟုတ်သလို လူတိုင်းလည်းမရင်းနှီးပါဘူး။ Relationship တစ်ခုရှိလာပြီဆိုရင် ကိုယ့်ရဲ့အဖိုးတန်တဲ့အချိန်တွေ၊ ငွေကြေးတွေ၊ စိတ်အာရုံတွေ အကုန်ပေးထားဖို့လိုအပ်တဲ့အတွက်ကြောင့် တစ်ဖက်လူက ကိုယ့်အတွက်သင့်တော်တဲ့သူမျိုးမဟုတ်ဘူးဆိုရင် အလကားသက်သက် ဖြုန်းတီးရာပဲ ရောက်သွားပါလိမ့်မယ်။ ဒါကြောင့် စိတ်ညစ်စရာတွေမရှိဘဲ ပျော်ရွှင်စိတ်ချမ်းမြေ့စရာကောင်းတဲ့ Relationship တစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ဒီလိုလူမျိုးတွေကို ဝေးဝေးကရှောင်တာကောင်းပါလိမ့်မယ်။

ဝေဖန်တတ်သူတွေ

အပြုအမူဖြစ်ဖြစ် ဝတ်ပုံစားပုံဖြစ်ဖြစ် သင်နဲ့ပတ်သက်သမျှ ဘယ်အချက်ကမှ သူတို့မျက်လုံးထဲမှာ အဆင်ပြေမှာမဟုတ်ပါဘူး။ သင့်ရဲ့လိုအပ်ချက်တွေ၊ မပြီးပြည့်စုံမှုတွေကို အမြဲထောက်ပြနေတတ်ပြီး သင့်ကိုပြောင်းလဲပစ်ချင်သူတွေပါ။

အရမ်းသဝန်တိုတတ်သူတွေ

ကိုယ်ချစ်တဲ့လူကို သဝန်တိုတတ်တာက Relationship တစ်ခုမှာဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတစ်ခုပါ။ ဒါပေမယ့်လည်း ကိုယ့်ရဲသူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုဝင်တွေကိုပါ ပတ်ပြီးတော့ သဝန်တိုတတ်တယ်ဆိုရင်တော့ လိုတာထက်ပိုသွားပါပြီ။

လိမ်ညာတတ်သူတွေ

ပြောစကားကိုတောင် အမျိုးမျိုးလိမ်ညာလှည့်ဖြားပြီး ပြောဆိုတတ်တယ်ဆိုရင် နောက်ကွယ်မှာကိုယ့်အပေါ် သစ္စာရှိမရှိဆိုတာက ဘယ်လိုမှမသေချာတော့ပါဘူး။

ကလေးဆန်လွန်းသူတွေ

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကိုယ်ပိုင်ဆုံးဖြတ်ချက်မချတတ်ဘဲ ကိုယ့်ရဲလက်တွဲဖော်ကိုပဲ အမြဲမှီခိုပြီး ရှိသမျှတာဝန်တွေအကုန်စုပြုံပေးတာမျိုးလည်း မလုပ်သင့်ပါဘူး။

အလုပ်အရမ်းလုပ်လွန်းသူတွေ

သင့်ထက်ပိုပြီးတော့ အလုပ်ကိုတန်ဖိုးထားလွန်းသူတွေက သင့်အတွက်ယုံကြည်အားကိုးစရာကောင်းတဲ့ လက်တွဲဖော်မဖြစ်နိုင်ပါဘူး။ အစပိုင်းမှာတော့ ကိုယ့်ချစ်သူက အလုပ်အရမ်းလုပ်လွန်းသူမို့ ဂုဏ်ယူစရာကောင်းပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ ကိုယ့်အပေါ်အချိန်မပေးနိုင်ဘူးဆိုရင် တဖြည်းဖြည်းဝေးကွာလာပါလိမ့်မယ်။

တကိုယ်ကောင်းဆန်သူတွေ

တကိုယ်ကောင်းဆန်သူတွေက သူတို့ကိုယ်သူတို့ပိုချစ်တယ်ဆိုတဲ့ အချက်တစ်ခုတင်မကပါဘူး။ တခြားသူတွေအပေါ်စာနာစိတ်၊ အားနာစိတ်လုံးဝမရှိသလို ဒါကိုပဲ ဘာမှမဟုတ်တဲ့ကိစ္စတစ်ခုလိုမျိုး ပေါ့ပေါ့တန်တန်တွေးတတ်ကြပါတယ်။