တစ်ခါတစ်လေ လူတွေဟာ သူတို့ကိုယ်သူတို့ မှန်ကန်သင့်တင့်မှုမရှိတဲ့ ဘဝ သို့မဟုတ် ခေတ်အခါမှာ မွေးဖွားလာခဲ့ကြတယ်ဆိုပြီး ခံစားယူဆတတ်ကြပါတယ်။ တချို့အချိန်တွေမှာလည်း ခန္ဓာကိုယ်မှားယွင်းပြီး မွေးဖွားလာကြတယ်ဆိုကာ တွေးထင်တတ်ကြပါသေးတယ်။

အခုခေတ်လိုမျိုး အရာရာပွင့်လင်းမြင်သာလာတဲ့အချိန်မှာတော့ ကိုယ်မွေးဖွာရာဒေသကိုစွန့်ခွာပြီး တခြားနိုင်ငံသို့ရွှေ့ပြောင်းနေထိုင်ကာ ဆေးပညာအကူအညီနဲ့ ခန္ဓာကိုယ်ကိုပြောင်းလဲယူနိုင်လာပါပြီ။

အခုတစ်ခါ ဖော်ပြပေးချင်တာကတော့ ဘယ်လောက်ပဲ အခက်အခဲ အတားအဆီးတွေရှိရှိ နှလုံးသားအလိုကျ ကိုယ့်ရဲ့လိင်ကိုပြောင်းလဲကာ ပျော်ရွှင်မှုကို အရယူနိုင်ခဲ့သူတွေပဲဖြစ်ပါတယ်။

Source: Bright Side