ဝိတ်ချဖိုဆိုတာ တော်ရုံမလွယ်တဲ့ ကိစ္စပါ။ အချိန်အကြာကြီးပေးဖို့ လိုအပ်သလို အစားအသောက်လည်း ချင့်ချိန်ပြီးစားရတဲ့အတွက်ကြောင့် တော်ရုံလူ လုပ်ဖို့မလွယ်ပါဘူး။ တကယ်ဝိတ်ချတော့မယ်ဆိုပြီး စိတ်ပိုင်းဖြတ်ကာ စနစ်တကျ လုပ်မှသာ ရလဒ်ကောင်းရနိူင်တာပါ။

တစ်လလောက် လုပ်လိုက်နားလိုက် စားချင်တာစားလိုက်လုပ်နေရင်တော့ ဘာမှထူးလာမှာမဟုတ်ပါဘူး။ ဒီနေ့ ဘယ်လိုလူတွေက ဝိတ်ချဖို့ စိတ်ပိုင်းဖြတ်ပြီး ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့သလဲဆိုတာ ဖော်ပြပေးသွားမှာပါ။

ပထမပုံက မေလ ၂၀၁၉ ကရိုက်ထားတာပါ။ ဒုတိယပုံကတော့ ဇန်နဝါရီလ ၂၀၂၀ မှာရိုက်ထားတာပါ။ ၇၅ ပေါင်အထိ ချနိူင်ခဲ့ပါတယ်။

သူမကတော့ အစားရှောင်ခဲ့ပြီး ကယ်လိုရီများတဲ့ အစားအသောက်တွေအစား အသီးအရွတ်တွေကိုသာ များများစားပေးခဲ့ပါတယ်။ ၅၃ ပေါင်လောက်ကို ချနိုင်ခဲ့တာပါ။

အစားအသောက် ချင့်ချိန်စားတာက ၁၀ လအတွင်း သူမကို ၆၁ ပေါင်အထိ ကျသွားစေပါတယ်။

သူကတော့ အစားကို စနစ်တကျတွက်ချက်ပြီးစားတယ်။ အားကစားလုပ်တယ်။

သူမကတော့ တနှစ်အတွင်းမှာ ၄၅ ပေါင်အထိ ချနိူင်ခဲ့ပါတယ်။

သူမကတော့ ၂၀၇ ပေါင်ကနေ ၁၅၈ ပေါင်အထိ ချနိူင်ဖို့ ၅ လအချိန်ယူခဲ့ရပါတယ်။

သူကတော့ ၇ လအတွင်း ၂၉၇ ပေါင်ရှိရာကနေ ၁၈၉ ပေါင်အထိ ချနိူင်ခဲ့တယ်။

သူမကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပုံတွေတင်နိူင်ဖို့အတွက် ၂ နှစ်လောက် အချိန်ယူပြီး ဝိတ်ချခဲ့ပါတယ်။

သူမကတော့ ၃ နှစ်အတွင်း ၃၈၃ ပေါင်ကနေ ၂၇၄ ပေါင်အထိ ကျအောင် မနားတမ်းကြိုးစားခဲ့ပါတယ်။

သူမဟာ ၄၂၅ ပေါင်အထိ ရှိခဲ့ပြီး သူငယ်ချင်းများက လှောင်ရယ်တာကြောင့် ၁၇ လအတွင်း ၂၀၂ ပေါင်အထိ ကျအောင် အပြင်းအထန် ကြိုးစားခဲ့ပါတယ်။

Source: Bright Side