Online ကနေ ပစ္စည်းဝယ်ရတာက တစ်ခါတလေတော့စွန့်စားခန်းတစ်ခုလုပ်ရသလိုပါပဲ။ ဘယ်သူမဆို ကိုယ်မှာလိုက်တဲ့ပုံစံနဲ့ ကိုယ်ရလာတဲ့ပုံစံကို တစ်ထပ်တည်းကျစေချင်သူတွေချည်းပါပဲ။ ကိုယ်တိုင် မမြင်ရဘဲ ပစ္စည်းတစ်ခုကို ဝယ်လိုက်တာက ကောင်းတာထက် ဆိုးတာကိုပဲ ဦးတည်နေတတ်ပါတယ်။ တကယ်လို့ ကိုယ်မှာလိုက်တာနဲ့ တလွဲဖြစ်ခဲ့ရင်လည်း ဒီအတွက် ဝမ်းနည်းစရာမလိုပါဘူး။ ဒီကနေ သင်ခန်းစာယူနိုင်ပါတယ်။ အခုဖော်ပြထားသူတွေကတော့ မှာလာတာနဲ့ ရလာတာ တလွဲဖြစ်တာကို ဝမ်းမနည်းတဲ့အပြင် ဟာသအနေနဲ့တောင် အွန်လိုင်းပေါ် တင်ခဲ့ကြပါသေးတယ်။ ဒီတော့ Online က မှာလိုက်တဲ့အချိန် ကံဆိုးတာက သင်တစ်ယောက်တည်းမဟုတ်ပါဘူးနော်။

၁။ ဒီလိုဖြစ်လာမယ်လို့ မထင်ခဲ့ဘူး..ဒါပေမဲ့ ဖြစ်လာခဲ့ပြီပဲ


၂။ ဒီချိန်ခွင်က စျေးသက်သာတယ်လေ..ဒါပေမဲ့ တစ်ခုခုလိုနေသေးသလိုပဲ


၃။ ဒီဟာကို ပြန်လဲဖို့ မေးလ်ပေါင်း ၁၄ ခု ပို့ခဲ့ရတယ်။ တော်တော်အလုပ်ရှုပ်ခဲ့တာပါ


၄။ Amazon ကမှာတဲ့ ပစ္စည်းလေးပေါ့


၅။ ဘယ်ဘက်က ကျွန်တော်မှာတာ Vs. ညာဘက်က ကျွန်တော်ရတာ


၆။ ဒီခွက်လေး ပုံပေါ်လာဖို့ ကျွန်တော် တော်တော်ကြိုးစားလိုက်ရတယ်။ ဒါပေမဲ့ ဒီအရောင်က ရနိုင်တာအကုန်ပဲ။ တော်တော်ပူပူကြီးဖြစ်နေမှ ဒီပုံပေါ်တာ။ ဒီလောက်ပူတဲ့ ခွက်ထဲကအရည်ကိုလည်း ဘယ်သူမှ သောက်နိုင်မှာမဟုတ်ပါဘူး။

၇။ ပိုက်ဆံပြန်အမ်းကွာ


၈။ စဉ့်တီတုံးက လှချက်ပဲ


၉။ ကျွန်တော့်သူငယ်ချင်း ဒီဝတ်စုံကို လိုင်းပေါ်က မှာလိုက်တာ… ကျွန်တော် တစ်နေ့လုံး ဗိုက်အောင့်တဲ့အထိ ရယ်လိုက်ရတယ်


၁၀။ ဒီဖိနပ်ကို ထုတ်တုန်းက စက်ရုံမှာ ရာဘာကုန်နေတဲ့အချိန်ထင်တယ်


၁၁။ ကျွန်မသူငယ်ချင်းမှာလိုက်တာက တစ်ခုခုလွဲနေသလိုပဲနော်


၁၂။ ဒါလေးပိုကြီးလာအောင် ရေလောင်းရမယ်ထင်တယ်


၁၃။ ဘယ်ဘက်က ကျွန်တော်မှာတာ.. ညာဘက်က ကျွန်တော်ရတာ..ရယ်ရတယ်နော်


၁၄။ ဒီအိတ်တွေက အောက်နည်းနည်းကျရမယ်လေ


၁၅။ Tinkerbell လေးရယ်.. နင့် Bang ကို သူတို့ဘာလုပ်လိုက်တာလဲ


၁၆။ ဒါကိုရဖို့ တစ်လစောင့်လိုက်ရတယ်.. ကျွန်တော့်ခွေးကတော့ သိပ်မကြိုက်ဘူးဗျာ


၁၇။ Bling Bling ဖြစ်ချင်ခဲ့တာပေါ့


သင်ကော အွန်လိုင်းက မှာတဲ့အချိန် တစ်လွဲဖြစ်တတ်လား။ သင့်အတွေ့အကြုံကို ပြောပြခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar