တချို့တွေက လူတွေနဲ့ကွဲထွက်ပြီး တစ်ယောက်ထဲပဲ သီးသန့်နေလေ့ရှိတတ်ကြတာကို တွေ့ဖူးကြတယ် ဟုတ်? အဲ့ဒီလိုတစ်ယောက်ထဲနေတတ်တဲ့သူ တော်တော်များများရဲ့ အပြင်ပုံစံက မာကျောပြီး ခက်ထန်တယ်လို့ထင်ရပေမယ့် သူတို့ရဲ့အတွင်းစိတ်ကတော့ အရမ်းနူးညံ့ပြီး ထိရှခံစားလွယ်တတ်ကြပါတယ်။

ဒါကြောင့် တစ်ယောက်ထဲနေတတ်ကြတဲ့သူတို့ရဲ့ ရင်တွင်းခံစားချက်အစစ်အမှန်တွေကို သိရှိနိုင်စေဖို့ ဒီအကြောင်းအရာလေးကို မျှဝေပေးလိုက်ပါတယ်နော်။ ဒီအကြောင်းအရင်းတွေကပဲ့ သူတို့ကို တစ်ယောက်တည်းနေတတ်အောင် တွန်းပို့နေပါတယ်။

သစ္စာဖောက်ခံခဲ့ရခြင်း

တစ်ခုခုကို သစ္စာဖောက်တာခံရဖူးတဲ့သူတွေဟာ တစ်ယောက်ထဲနေလေ့ရှိပါတယ်။ တစ်စုံတစ်ယောက်က သူတို့ကိုထပ်ပြီး သစ္စာဖောက်မှာပဲဆိုတဲ့စိတ်တွေကြောင့် ဘယ်သူနဲ့မှမပတ်သတ်တော့ပဲ တစ်ယောက်ထဲနေတတ်ကြပါတယ်။ ကြာလာတော့ တစ်ယောက်ထဲနေရတာကို ပိုသဘောကျပြီး သီးသန့်ကြီးလို ဖြစ်သွားတာပါ။

ခဏခဏအလိမ်ခံခဲ့ရခြင်း

ခဏခဏအလိမ်ခံရဖူးတဲ့သူတွေကလည်း ဘယ်သူ့ကိုမှ အယုံအကြည်မရှိတော့ပဲ တစ်ယောက်ထဲပဲနေချင်လာကြတယ်။ တစ်ယောက်ယောက်နဲ့များ ထပ်ပတ်သတ်မိရင် သူတို့လည်း လိမ်နေမှာပဲ ဘယ်သူ့ကိုမှယုံကြည်လို့မရဘူးဆိုတဲ့ စိတ်တွေနဲ့ လူတွေကို အယုံအကြည်မဲ့ပြီး တစ်ယောက်ထဲပဲ နေချင်လာတာပါ။

တစ်စုံတစ်ယောက်ကြောင့် စိတ်နာကျင်ခံစားခဲ့ရခြင်း

တစ်စုံတစ်ယောက်ကို အရမ်းချစ်ခင်ပြီးမှ သံယောဇဉ်တွေတွယ်လာပြီးမှ ဘဝထဲက ဆွဲထုတ်လိုက်ရတာထက်စာရင် မပတ်သတ်ပဲ တစ်ယောက်ထဲနေတာကမှ ပိုကောင်းမယ်ဆိုတဲ့စိတ်တွေက အပြည့်ဖြစ်နေတတ်ပါတယ်။ နာကျင်ရမှာကိုကြောက်လာတဲ့အခါ တစ်ယောက်ထဲနေတတ်အောင် ကြိုးစားပြီး နေထိုင်လာကြတာများပါတယ်။ တစ်ခုခုဆိုရင် သံယောဇဉ်အရမ်းကြီးပြီး အစွဲအလမ်းကြီးတဲ့သူတွေကလည်း ဆုံးရှုံးရမှကြောက်တဲ့ စိတ်တွေနဲ့ တစ်ယောက်ထဲပဲနေချင်လာကြပါတယ်။

တစ်ယောက်တည်းနေတတ်တဲ့သူတော်တော်များများက အပြင်ပန်းနဲ့မတူပဲ့ တကယ့်ကိုစိတ်ရင်းကောင်းကြတဲ့သူများပဲ့ဖြစ်ပါတယ်နော်။ သူတို့လိုအပ်နေတဲ့အရာလေးတချို့ကတော့..

တကယ်တော့ ဒီလိုလူမျိုးတွေက ပေါင်းကြည့်ရင် အရမ်းစိတ်ရင်းကောင်းတဲ့သူတွေပါ။ သူတို့ဘဝမှ ကြုံတွေ့လာရတဲ့ စိတ်ဒဏ်ရာတွေ၊ နာကျင်မှုတွေကြောင့်သာ တစ်ယောက်ထဲနေပြီး လူတွေနဲ့သီးသန့်ဖြစ်နေကြတာပါ။ တစ်ယောက်ထဲလည်းအေးဆေးပဲလို့ပြောနေပေမယ့် တစ်စုံတစ်ယောက်ရဲ့ ဖေးမမှုတွေ၊ အားပေးမှုတွေက သူတို့အတွက် အရမ်းလိုအပ်နေတာပါ။

သူတို့ကို ဂရုစိုက်ဖေးမပေးပါ။

သင့်သူငယ်ချင်းတွေထဲမှာလည်း တစ်ယောက်ထဲသီးသန့်နေတတ်တဲ့သူတွေ ရှိနေရင် ဂရုစိုက်ပေးလိုက်ပါ။ သင်ကိုယ်တိုင်ကလည်း တစ်ယောက်ထဲသီးသန့်နေရတာကို ကြိုက်လာပြီဆိုရင်တော့ အတိတ်အကြောင်းတွေကို ပြန်မတွေးပဲ လက်ရှိဘဝမှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဘဝကိုဖြတ်သန်းလိုက်ပါ။